Thursday, December 3, 2009

သုံးရာသီ တမ်းချင်း



“မိုး” တွေစွေတိုင်း
မျက်ဝန်းစိုစို
ပုလဲခိုလို့
အလွမ်းမပို ရပါစေနဲ့  မေ ...

“ဆောင်း” နှင်းဝေတိုင်း
ရင်ထဲမှာညို
အမုန်းပိုကို
မထွေးပိုက် ရပါစေနဲ့  မေ ...

“နွေ” နေပူတိုင်း
နှလုံးအိမ်ကို
ရူးသွပ်စေဖို့
မခံစား ရပါစေနဲ့  မေ...

“နွေ” နဲ့ “မိုး” “ဆောင်း”
ဘယ်လိုပြောင်းလဲ
ပျော်ရွှင်မှုတွေ
အစဉ်ထာဝရ
ခံစားစေဖို့
ဆောင်ကျဉ်းပေးလေ ... ချစ်သူရေ ...  ။

လွန်ခဲ့သော တစ်နှစ်ခန့်က ရေးခဲ့တဲ့ ကဗျာ လေးပါ...။

7 comments:

  1. နွေရက် မိုး ဆောင်း ဘယ်လိုတွေ ပြောင်းပြောင်း အချစ်တွေ မပြောင်းပဲ ချစ်နေနိုင်ရင် အကောင်းဆုံးပါပဲ..း)

    ReplyDelete
  2. ကဗျာတွေကတော့ နုရွနေအောင် ဖွဲ့တတ်ပါ့ဗျာ... ချီးကျူးမိပါတယ်... ကိုယ်တိုင်ကတော့ တခါတလေ ကိုယ့်စာကြည့်ခန်းထဲမှာ အဝေးက လမင်းလေးကို ကြည့်ပြီးတော့ အလွမ်းတွေကို ကဗျာအဖြစ်ပြောင်းဖို့ ကြိုးစားခဲ့ဖူးပေမယ့် ..အဟီးဟီး.. တလုံးမှ ထွက်မလာဘူး....း)

    ReplyDelete
  3. သုံးရာသီပတ်လုံး ပျော်ရွှင်မှုပေးနိုင်တဲ့သူနဲ့ဆုံတွေ့နိုင်ပါစေ

    ReplyDelete
  4. ကဗျာလေးကို ဖတ်ပြီး လွမ်းသွားတယ်. . ချစ်သူတွေ အားလုံး အဆင်ပြေပါစေ...

    ReplyDelete
  5. ချမ်းလင်းနေDecember 4, 2009 at 9:46 PM

    သုံးရာသီ ခံစားချက်က အသက်ဝင်တယ်ဗျာ။ =)

    ReplyDelete
  6. အချိန်တိုင်း အတူတူရှိနေပြီး ပျော်ရွှင်ရရင် သိပ်ကောင်းမယ်ထင်တယ်။

    ReplyDelete
  7. ဆန္ဒတွေပြည့်ဝပါစေ ..း))

    ReplyDelete