Thursday, December 10, 2009

ချစ်တတ်တဲ့ငါ ... အချစ်ငတ်တဲ့ အခါ



နာကျင်နေတဲ့ ကောင်းကင်ရဲ့ရင်မှာ
အခါခါပြိုကျခဲ့ရတဲ့ စိတ်ဓာတ်တွေ
ဘယ်ချောင်မှာ သိုဝှက်ထားရမှာလဲ ...။

ပိုင်ဆိုင်ချင်တဲ့ မင်းရဲ့ ရင်ခုန်သံတွေတောင်
ဒီလိုလူသား မရထိုက်ခဲ့လို့လား
သူ့တပါးလက်ထဲ ဓားပြတိုက်ခံနေရတယ် ...။

လေထုထဲ ကြားခံအထပ်ထပ်ဖြတ်သန်းပြီးမှ
ရောက်သွားတဲ့ ချိုမြိန်တယ်ဆိုတဲ့ စကား
တည့်တည့်ဆိုင်ဆိုင် ပြောနေတဲ့ သူလောက်
လမ်းမပေါက်ဘူးဆိုတာ သိခဲ့သင့်တယ် ...။

ဂရုစိုက် ဖေးမချင်တယ် ဆိုရင်တောင်
ကမ္ဘာတွေ အထပ်ထပ်က လေဟာနယ်ဒြပ်တွေကြောင့်
နီးနေသူ လူတွေလောက်တော့ ချောင်းမပေါက်ခဲ့တာ အသေအချာပဲ ...။

မျှော်လင့်ရင်းချစ်ရတယ်ဆိုတာ
တကယ်တော့
ရှုံးမှန်းသိရက်နဲ့ ကိုယ့်ကိုကိုယ် သတ်နေတာ ...။
နစ်မှန်းသိရက်နဲ့ ကိုယ့်ကိုကိုယ် ဖျက်နေတာ ...။

ညစဉ်ညတိုင်း အရိုင်းအစိုင်းဆန်စွာ ငိုရှိုက်နေလည်း
အချိန်ကတ္တားက ဘ၀တခြားသို့
နာကျင်စွာကျောခိုင်းဖို့ပဲ ဖြစ်လာလိမ့်မယ် ...။

ဝေဒနာတွေ ရင်မြွှာအခြေမှာ ကပ်ဆိုက်လည်း
ငတ်မွတ်ခေါင်းပါးခဲ့တဲ့ ငါ့အချစ်က
ငါ့အပြစ်ကိုပဲ ကြိုးဆွဲချရတော့မလိုလို ...။

တခါသာ ချစ်ခဲ့ဖူးလည်း
ထာဝရ တည်စေမယ်ဆိုတာ
ငါကြွေတဲ့ တစ်နေ့မှ မင်းသိနိုင်ပါစေ ...။

မှန်မှန်းသိရက်နဲ့ ငါကြောက်ခဲ့၏ ...။
မှားမှန်းသိရက်နဲ့ ငါလျှောက်ခဲ့၏ ...။
မရမှန်းသိရက်နဲ့ ငါချစ်ခဲ့၏ ...။
မနိုင်မှန်းသိရက်နဲ့ ငါစတေးခဲ့၏ ...။

တကယ်တော့လည်း
တောင်စွယ်နေကွယ်ရင်ဖြင့်
အနောက်ဘက်ယွန်းယွန်းမှာ
“အချစ်” ဆိုတဲ့ စကားနှစ်လုံးကို
ရာဇသံပေးလို့  သဂြိုလ်သွင်းရင်တောင်
“ချစ်တတ်တဲ့ငါ ... အချစ်ငတ်တဲ့ အခါ”
ဘ၀တခြားမှာ သဘာဝတရားလို
သေစားသေစေ ခံစားစေမယ် ...။
~~~~~~~~~~~~
(နာကျင်မှုကြောင့် ကျတဲ့ မျက်ရည်တွေတိုင်း ရောက်လေရာဘ၀မှာ အချစ် ဖြစ်ပါစေ။)

9 comments:

  1. နာကျင်မှုကြောင့် ကျတဲ့ မျက်ရည်တွေတိုင်း ရောက်လေရာဘ၀မှာ အချစ် ဖြစ်ပါစေ...

    ReplyDelete
  2. သိပ်ကို ကောင်းတဲ့ကဗျာဆိုတာကလွဲပြီး ဘာမှမပြောတတ်တော့ဘူး။ ကိုယ်လည်း အဲလိုခံစားခဲ့ဖူးတော့

    ReplyDelete
  3. အစ်ကိုရေ.... အချစ်ဆိုတာလေ.. ချစ်နေဖို့လည်း လိုပါတော့တယ်ဗျာ.. တကယ်ပါ.. မောလှပြီ... သူပြန်မချစ်နိုင်ရင်တောင်မှ ကိုယ်ချစ်နေရရင် ကျေနပ်ပါပြီဗျာ... ကြွေတဲ့ တစ်နေ့မင်းသိနိုင်ပါစေ... အစ်ကိုရည်ရွယ်သူသိနိုင်ပါစေဗျာ....

    ReplyDelete
  4. အချစ်ရဲ့နာကျင်ခံစာမှုတွေဟာ ကဗျာကောင်းစာကောင်းတွေ ထွက်ပေါ်လာစေတယ်ဆိုတာသိပ်မှန်တယ်ဗျာ...

    ReplyDelete
  5. အချစ်ငတ်ရင်.. အချစ်အသစ်ကို ရှာပေါ့...
    အချစ် ဆိုတဲ့ စကားလုံးကိုတော့ မသဂြိုလ် လိုက်ပါနဲ့... :P

    ReplyDelete
  6. ဒိုင်းခနဲ...မှန်ချက်ကယ်...သွေးစိမ်းရှင်ရှင်တွေတောင် ဒလဟောစီးဆင်းလို့ နေတယ်...(lover star)

    ReplyDelete
  7. when i read this poem, I think you know exactly what i feel rite now. The whole poem reflects my love story rite now. Exactly the same. It was like I see through my own feelings. Thanks for the poem. Just let you know that i copy your poem on my facebook. Really love it.

    ReplyDelete
  8.်friend,
    You can copy and share any other because this poem is appeared inside my heart. When I wrote this poem, I felt with tears and hurts. I think my love is a right love for her. Whenever she made me anything, i forgive her because i have never lasting love.Thanks for coming me.

    With Regards,
    skyofnights

    ReplyDelete
  9. နာကျင်မှုတွေ သက်သာပါစေ ညရဲ့ ကောင်းကင်ရေ အချစ်စစ်အတွက် တစ်နေ့မှ ကောင်းသော တုံ့ပြန်မှုတွေ ရနိုင်ပါစေရှင် :)

    ReplyDelete