Monday, December 21, 2009

ခံစားမှု (၁)

ဘယ်တော့မှ မေ့မရခြင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကြိုးစားပြီး မေ့ပျောက်ပေမယ့် မမေ့နိုင်တာ ဘယ်လိုလုပ်ရမှာလဲ ။ ဘ၀မှာ အချစ်ဟာဒီလောက်တောင်ပဲ ကံဆိုးခဲ့ရလားကွာ။ အိပ်မရတဲ့ညတွေ များလှပါပြီ။ ဘယ်လိုလုပ်မှ မေ့ပျောက်နိုင်မှာလဲ။ အချိန်တွေကြာလေ ခံစားရခြင်းတွေ ပိုများလာတယ်။ ဟုတ်မှာပါလေ... ငါဘယ်လိုမှ မတတ်နိုင်တော့လို့သာ မေ့ဖို့ကြိုးစားနေရတာပဲ။ ငါမျှော်လင့်ခဲ့ရတဲ့ အချစ်ကို နဲနဲလေးတောင် ပြန်မရခဲ့ပါလား။

တကယ်တော့ငါဟာအရူးပါ။ အချိန်တိုင်းမှာ သတိရနေခဲ့မိတယ်။ တမ်းတနေခဲ့မိတယ်။ ငါခံစားနေရတယ် ဆိုတာ ဘယ်သူကကော နားလည်နိုင်မှာလဲ။ ဒါပေမယ့် ရင်ထဲမှာ အရမ်းကို ဆို့နင့်ကြေကွဲနေမိပါတယ်။ သန်းခေါင်ကျော်တိုင် ငုတ်တုတ်ထိုင်ပြီး နင့်အကြောင်းကို တွေးနေမိတယ်လေ။ တကယ်ဆို ငါဟာ ဘာမှမရခဲ့ပါလား။ ငါဟာ အချစ်ကြီးလို့လား။ ဖြစ်နိုင်ပါတယ်... တချို့အရာတွေဟာ ရင်ထဲမှာ သိုဝှက်ထားရတာ မောလွန်းလှပါတယ်။ ပင်ပန်းလွန်းလှပါတယ်။ ဖွင့်ဟလိုက်ရရင် ပြေလျှော့သွားနိုင်ပေမယ့် ငါဘယ်သူ့ကို ဖွင့်ပြောရမလဲ။ ငါ့ကို အရူးလို့ပဲ ထင်နေကြမှာပေါ့။ ဟုတ်ပါတယ် ငါဟာ အချစ်နဲ့ပတ်သတ်လာရင် ရူးခဲ့ရပြီးပြီ.... ရူးနေရပြီးပြီ... ရူးနေရအုန်းမှာပါ။ ငါဟာအချစ်ကို တန်ဖိုးကြီးစွာနဲ့ ကိုးကွယ်ခဲ့မိတာကို။ ငါ့ရင်ထဲမှာ ဘာတွေတွေးခဲ့တယ် ဘာတွေရည်ရွယ်ခဲ့တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ နင်တောင်မသိခဲ့ဖူးလေ။ ငါရဲ့ စစ်မှန်တဲ့အချစ်ကို အစော်ကားခံခဲ့ရတယ်။ ဒါပေမယ့် ငါနင့်ကို ဘယ်သောအခါမှ အပြစ်မတင်ခဲ့ပါဘူး။ အပြစ်လည်းမတင်ချင်ခဲ့ဘုးဆိုတာ ယုံကြည်ပေးပါ။

ဒီဘ၀မှာ မပြည့်စုံခဲ့ရတဲ့ ဆုတောင်းတွေအတွက် နောင်ဘ၀သာရှိခဲ့ရင် ပြည့်စုံပါရစေလို့ ရူးပါရစေ။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရတယ်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတယ်။ အပြစ်တွေကို ခံယူခဲ့ရတယ်။ ယနေ့တိုင် ချစ်နေဆဲပါဆို ယုံကြည်ပေးပါ။ သတိရတိုင်းလည်း လွမ်းချင်ပါတယ်။ မျက်ရည် မကျမိအောင်လည်း ထိန်းချင်ပါတယ်။ ၀မ်းနည်းပူဆွေးမှုတွေလည်း ပျောက်ဆုံးချင်ပါတယ်။ ဒါပေမယ့်  ထာဝရသာတော့ ချစ်နေမိမှာပါ။

လူတယောက်မှာ အမှားမရှိပဲ လူတယောက်က ဘာကြောင့် စွန့်ခွာသွားနိုင်မလဲ။ စွန့်ခွာသွားတဲ့သူမှာ ဘာမှမကျန်ပေမယ့် ကျန်နေခဲ့တဲ့သူမှာ ဘာကြောင့်သတိရခြင်းတွေ ထင်ကျန်နေရတာလဲ။ လောကကြီးက မတရားလိုက်တာနော်။ ဖြစ်ချင်တာကို မဖြစ်ရ။ မျှော်လင့်ချင်တာကို မျှော်လင့်နိုင်အောင် အသက်မသွင်းပေးပါလား။ ဘာမှမရခဲ့တဲ့ငါ နောင်လည်း ဘာမှထပ်ရမှာ မဟုတ်တော့ပါဘူးလေ။

နောက်ဆုံးတော့လည်း နင့်အတွက် နာကျင်ခြင်းကဗျာတွေကို ရင်ထဲက မျက်ရည်တွေနဲ့ နာကျင်နေတဲ့ နှလုံးသားကို စတေးပြီး တသက်လုံးငါ့ရဲ့ နင်မဖတ်တဲ့ ဒိုင်ယာရီမှာ ငါ့မျက်ရည်တွေ မခန်းခြောက်သရွေ့ ဖျော်ဖြေ တင်ဆက်နေပါမယ်။ မရခဲ့တဲ့ နှလုံးသားတစ်စုံကို ထာဝရ သိမ်းပိုက်ထားရင်းနဲ့ပေါ့။

နင့်ဟာ
ငါ့ရဲ့ကောင်းကင်
ငါ့ရဲ့ ဘ၀မို့
ငါ့ကို ချေနင်း
ရက်စက်ခြင်းတွေ
ပေးထားခဲ့လည်း
တသက်မှာ တခါ
ထာဝရသာ
ရင်ခွင်ဦးမို့
ငါဟာသေမင်း
ရင်ဆိုင်ရင်းတောင်
မင်းကိုတမ်းတ
သတိရနေမယ်လေ...။
~~~ @@@ ~~~

(ဒီပို့စ်လေးဟာ ဇာတ်လမ်း မဟုတ်ပါဘူး။ ခံစားမှု စိတ်ထွက်ပေါက် ရှာလိုက်ခြင်း သက်သက်ပါ။ အဲ့ဒီအတွက် သီးခံပြီးဖတ်ပေးကြပါလို့ တောင်းပန်ပါရစေခင်ဗျာ။ ကဗျာလေးကတော့ ဟိုးအရင်ကတင်ခဲ့တာပါ။ ဖတ်သူမရှိခဲ့ပေမယ့် အခုခံစားမှုနဲ့ တိုက်ဆိုင်နေလို့ ပြန်ထည့်လိုက်ရခြင်းပါ။ အမြဲတမ်း ၀မ်းနည်း ကြေကွဲစရာတွေကိုပဲ ရေးလေ့ရှိတဲ့ ကျွန်တော့်ဒိုင်ယာရီကို လာလာဖတ်ပေးကြတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ကဗျာတွေက လွဲရင်(ကဗျာလည်းမရေးတတ်သေးပါ) ကျန်တဲ့ စာတွေကို ကောင်းကောင်း မရေးတတ်လို့ ခွင့်လွှတ်ပေးကြပါလို့ ... )

3 comments:

  1. ကိုတူးရေ...
    ဖတ်ပြီးသက်ပြင်းအရှည်ကြီးချသွားတယ်ညီလေးရာ...။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  2. ဟင်း...... အစ်ကိုရေ. ဒီအမောတွေ ပြေပျောက်နိုင်ပါစေလို့ ပဲ ဆုတောင်းပေးနိုင်တော့တယ်ဗျာ....

    ReplyDelete
  3. မောင်လေးညရေ...စိတ်ပြေလက်ပျောက် အစ်မနဲ့ကော်ဖီသောက်ဖိတ်လိုက်ပါတယ်...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete