Tuesday, December 15, 2009

“ အကြောင်းမကောင်းတဲ့ ဆောင်း”


ဆောင်းနှင်းမြူတွေ
လေဟာနယ်ကို ပက်ဖြန်း
ကမ္ဘာကိုလန်းစေသတဲ့လား
ငါ့... ရင်ခွင်နှုတ်ခမ်းမှာတော့
အလွမ်းတွေနဲ့ ချမ်းလိုက်တာ ...။

ဆောင်းနှင်းပန်းတွေ
ရာသီချိန်ဆို ပွင့်လန်း
ကိုယ်စီအစွမ်းတွေ ထုတ်ဖြန်းသတဲ့လား
ငါ့ ... ရင်ခွင်စခန်းမှာတော့
ဒက်ရာတွေနဲ့ ကြမ်းလိုက်တာ ...။

ဆောင်းခိုငှက်တွေ
ဌာနေဆီကို ပျံသန်း
ခိုလှုံရာလမ်းကို လှမ်းကြသတဲ့လား
ငါ့ ... ရင်ခွင်အခန်းမှာတော့
အိပ်မက်ရိုင်းတွေနဲ့ ဆန်းလိုက်တာ ...။

အားလုံးအတွက် ကောင်းတဲ့ဆောင်း
ငါ့ ... အတွက်တော့ မဟောင်းတဲ့ အကြောင်းပါလား ...
အေးချမ်းခြင်း အပေါင်းက ဒဏ်ရာကိုမွှေတယ်
ငါ့ ... နှလုံးသားကို နာကျင်စေတယ် ...
သြော် ... ဆောင်း ... ဆောင်း ... ဆောင်း
ဘ၀ပြောင်းတောင် အတိတ်ဟောင်းက
အိပ်မက်အကြောင်းကို အရောင်မပြောင်းနိုင်ပါလား ...။

5 comments:

  1. ခံစားနေရဆဲပါပဲလား.. အစ်ကိုရေ... ကောင်မလေးနာမည်က ဆောင်းတဲ့လား...

    ReplyDelete
  2. ဆောင်း....ဆောင်း တဲ့လားးး

    ReplyDelete
  3. အဖွဲ့အနွဲ့ကကောင်းတယ်ဗျာ။ သဘောကျတယ်။ ဒဏ်ရာတွေ သက်သာပါစေဗျာ

    ReplyDelete
  4. ဆောင်းမှာ အလွမ်းတွေ ပိုနေတယ် ထင်ပ
    စကားမစပ် ၂၅ ရက်နေ့ အစီအစဉ်သိပြီးပြီထင်တယ်နော် .. လာမယ်ဟုတ်လား

    ReplyDelete
  5. ဆောင်းတွင်းမှာ အလွမ်းတွေနဲ့ ချမ်းနေရင် အလွမ်းတွေကို မီးရှို့ပြီး မီးသာလှုံပစ်လိုက်.

    ReplyDelete