Sunday, December 13, 2009

“မာယာသခင်”

ပြောင်းလဲခြင်း မိုးတိမ်တွေက
ရွေ့လျားတာ မြန်လိုက်တာ
လေအတွေ့တွေကြောင့်
ရေငွေ့တောင် ဘယ်ဆီနေရမှန်းမသိဘူး
ဝှေ့ကာ ၀င်အခတ် လိုက်ပါချင်နေလျက်မို့လား
မသက်သာသလိုအမှတ်နဲ့ လိုက်ရဲလိုက်တာ ...။

ဆူးများပါတယ်ဆိုတဲ့ နှင်းဆီ
အတွင်းဆီက ဘာတွေကြိတ်ကြံနေမလဲ
နှုတ်ခမ်းပါးပါးလေးမှာတော့
အပြုံးလေးတွေချိတ် သစ္စာတွေမတိတ်ပေမယ့်
ရင်တွင်းအရိပ်မှာတော့ ခြေချင်းချိတ်နေကြတယ်
ပန်ဆင်သူအခူး အရူးအမူးနဲ့
အဆူးလေးတွေတောင် တိမ်းညွတ်မူးလိုက်တာ ...။

အလည်လာတဲ့ လေပြေ
သစ်အိုတစ်ပင်ကို ရစ်ထွေး အချစ်တွေပေးပြီး
နားခိုဖူးကျေးဇူး အထွေအထူးကို
တသသပြော ဖွင့်ဟစောပေမယ့်
ကြာလာတော့လည်း အဝေးတရပ်ဆီပြေး
အတွေးခက်ဘီအရေးနဲ့
အတွင်းသဘော စိတ်မနောကိုက
သာယာမှု အကြောမှာ မျောချင်နေလိုက်တာ ...။

လှမ်းမယ်ကြံရှိသေး ပြေးသွားလိုက်တာ
နမ်းမယ်ကြံရှိသေး ရူးခါးလိုက်ပါဘိ
မတည်မြဲတဲ့ တိမ် နှင်းဆီအိမ်တွေက
လေပြေလိုဆော့မြူး တွန်ကျူးနေချင်ကြတော့
သစ်အိုပင်ခမျာလည်း စိတ်တိုချင်စရာပဲ ...
အခါတော်အပေးမှာ ကညာဖော်ရှောင်ပြေးလို့
နေညိုချိန်လေးဆို မျှော်မျှော်နေတတ်လိုက်တာက
ရော်ကာရင့်တော့မယ့် သူ့ဘဝ
သူ့ သင်္ခါရသာ လူမသိလေတော့
ပြုသမျှ နုလိုက်ရတော့မယ်
အပေါ်ယံစကားနဲ့ပဲပြော
အတွင်းစိတ်ရေရောတဲ့ “မာယာသခင်”ရယ် ...။

9 comments:

  1. မာယာ သခင်ကနေ သခင့်ရဲ့ မာယာ ဖြစ်လာပါစေ...း)

    ReplyDelete
  2. ဩော်..မာယာ..မာယာ ကြောက်စရာကောင်းလိုက်တယ်မာယာ..

    ReplyDelete
  3. ကဗျာတွေ တယ်နုနေနတယ်ပါလား အကို

    ReplyDelete
  4. ကောင်းလိုက်တဲ့ စကားလုံးလေးတွေ.... ဒီကဗျာလေးကနေ ရသတော်တော်များများခံစားလိုက်မိတယ်...း)))

    ReplyDelete
  5. “ဆူးများပါတယ်ဆိုတဲ့ နှင်းဆီ
    အတွင်းဆီက ဘာတွေကြိတ်ကြံနေမလဲ” တဲ့
    ဘယ်သူ သိနိုင်ပါ့မလဲ နှင်းဆီရဲ့ မာယာကို..

    ReplyDelete
  6. ၃ ခေါက်လောက်ဖတ်သွားတယ် ...
    ကြိုက်လို့ ... :)
    ကျနော်ကတော့ အဲဒီမာယာတွေကို ကြောက်လို့ ခပ်ဝေးဝေးကပဲ ချစ်မယ် .... :)

    ReplyDelete
  7. အပေါ်က ယောကျာင်္းလေးတွေ မာယာကို တော်တော်ကြောက်ကြတာကိုး

    ReplyDelete
  8. မာယာများတဲ့ လူတွေနဲ့ ကွေကွင်းပါစေ.

    ReplyDelete
  9. တကယ်လန်းတယ် ..း))

    ReplyDelete