Thursday, November 5, 2009

သခင်


တွယ်ငင်ရစ်သည့်
နှောင်ကြိုးမျှင်ဖြင့်
ပတ်ကာထားသည့်
သံယောဇဉ်မျိုး
ရင်၌ပျိုးသည်
သခင်သိပါလေစ ။

လွန်ခိုင်မြဲသည့်
စကားထွေနှင့်
ချိုမြိန်လှသည့်
အချစ်နွံမျိုး
ရင်၌ကျွံသည်
သခင်သိပါလေစ ။

သခင်စိတ်ဖောက်
ကောက်မှာစိုးလို့
စိုးကြောက်ရင်ထဲ
မ၀ံ့ရဲပဲ
ဆိတ်ဆိတ်ငြိမ်သက်
သခင့်တွက်ဆို
နေ့ရက်မတွက်
ပေးဆပ်ရက်သည်
သခင်သိပါလေစ ။

သခင့်ရိပ်နှင့်
ကျွန်ုပ်စိတ်ဒွန်တွဲ
လွန်ဆွဲမိတောင်
တရက်သော်မှ
မျက်တော်မရှ
အပါးတော်မြဲ
နေရဲချင်သည်
သခင်သိပါလေစ ။

သခင်မုန်းလို့
ရှုံးသွားရင်လည်း
လုံးမပါးပဲ
နှလုံးသားကို
အပြုံးများနဲ့
ပေးဆပ်ရဲသည်
လိုရာပြုဖို့
ထုဆစ်ပါတော့
အို ... သခင်ရယ် ... ။

3 comments:

  1. သခင် သိစေချင်ရင်လည်း ပြောပြမှပေါ့.. :)

    ReplyDelete
  2. သခင် သိပါစေလေး))

    ReplyDelete