Monday, November 2, 2009

ကြောက်တတ်လာတယ်


မင်းပြောခဲ့တဲ့ စကား
တလုံးတပါးမှတောင်
အမုန်းမပွားခဲ့ဖူးပါ...
မင်းစေလိုရာစေ
နေလိုရာနေခဲ့တယ်... ။

ကြာပဒုမ္မာလို
ရေတကာလယ်မှာ
တင့်တယ်ချင်ပေမယ့် ...
ဒီကောင့် ...
နှလုံးသားရင်မှာတော့
ပြေလည်အောင်
သောင်ထွန်းခဲ့ရတယ် .... ။

ပန်းပွင့်ကြွေတိုင်းလည်း
မကောက်ခဲ့ဖူးပါ ... ။
လေပြေစေတိုင်းလည်း
မရောက်ခဲ့ဖူးပါ ... ။

ဒီကောင့် ...
နှလုံးသားစက္ကန့်တိုင်းကို
မင်းနာရီမှာ
ကုန်ဆုံးစေခဲ့တယ် ... ။

ဆုံးရှုံးမှာစိုးလို့
နာစရာရှိတောင်
ရင်ခွင်တွင်းနက်မှာပဲ
ပျိုပျက်ခဲ့တယ် ... ။

ဒါနဲ့တောင် ...
ဟန်ဆောင်စကားတွေနဲ့
ဒီကောင့်နှလုံးသားကို
မိုင်ကုန်မောင်းခဲ့ရက်တယ် ... ။

ဒီလိုနဲ့လေ ...
နှလုံးသားကရလာတဲ့
အဆိုးရွားဆုံးရလဒ်ကတော့
ဒီကောင်လေ ...
ကြောက် ... ကြောက်တတ်လာတယ် ... ။

2 comments:

  1. ဖတ်ရင်းနဲ့ သနားတောင်လာတယ်...း)

    ReplyDelete
  2. ဒီကဗျာလေးဖတ်ရတာ...ကိုယ့်ကိုယ်ကို ပြန်မြင်မိလိုက်သလိုလို......

    ReplyDelete