Friday, April 16, 2010

“သွေးစွန်းတဲ့နေ့”

ကြယ်တွေစုံတဲ့ နေ့မှ
မရဏမင်းရဲ့ ခေါ်သံတွေထပ်နေတယ် ...။

လွတ်လပ်စွာ ကခုန်နေတာကို
တေးသွားက မလိုလားလို့လား ...

သွေးဆိပ်တက်နေတဲ့ လက်တွေက
နေမ၀င်လိုက်တဲ့ ညတွေဆီ ခေါ်ဆောင်သွားတော့
အိမ်ရာမဲ့ ၀ိညာဉ်တွေ
မကျေမနပ်နဲ့ ဆဲဆိုကြတော့မယ် ...။

အော် ...
ကောင်းကင်အစွန်းနားက
နှုတ်ခမ်းသားတွေ
ပဲ့ကြွေကုန်မှတော့
သွေးစွန်းတဲ့ အော်သံတွေလည်း
ရေထဲ ကျပျောက်လို့
ငေးသာကြည့်နေရတော့တယ် ...။

ရင်ထဲက “တောက်” တစ်ချက် ခေါက်မိတယ်
အဲဒီနေ့ကို ရာဇ၀င်ထဲ ထည့်သွင်းသူတွေကြောင့် ...
တိမ်ဖုံးသွားရတဲ့ ဘ၀တွေ
အပြစ်မဲ့တဲ့ နှလုံးသားပိုင်ရှင်တွေ
ဆုတောင်းရွတ်ဖတ်သံတွေနဲ့အတူ

ကောင်းကင်ဘုံတပါးမှာ ကောင်းမွန်ခံစားကြပါစေတော့ ...။

ညလင်းအိမ် (၁၆.၄.၂၀၁၀)

6 comments:

  1. ဟုတ်တယ်၊ သွေးစွန်းတဲ့နေ့ရက်တစ်ရက်တော့ဖြစ်သွားပြီ။
    ထိခိုက်သူတွေအတွက် ဆုတောင်းပေးရုံပဲပေါ့။

    ReplyDelete
  2. ဟုတ်ပါတယ်....စိတ်မကောင်းစရာပါ
    ပျော်နေရာကနေငိုကြွေးစရာဖြစ်သွားတာ..
    ဝမ်းနည်းဖို့ကောင်းပါတယ်..

    ReplyDelete
  3. ဝမ်းနည်း စရာ..

    ReplyDelete
  4. သွေးစွးန်သော ၁၅ ရက်နေ့ အတွက် အမှတ်တရလေးပေါ့ ညီရာ . .

    ReplyDelete
  5. ထပ်တူ ထပ်မျှ ဝမ်းနည်းမိတယ် ကိုညရေ..

    ReplyDelete
  6. ထပ်တူ ထပ်မျှ ပါပဲ ပျော်ရွှင်အေးချမ်းမှုအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေ

    ReplyDelete