Sunday, February 7, 2010

“အထီးကျန် ဟီးရိုး”


လွမ်းမိပါသည် ... တရံတခါဆီက
အဖန်တရာမက အိပ်မက်တွေ
ကြံရာမရခဲ့မှုတွေ အတွက်
စတေးလိုက်ရတဲ့ နှလုံးသားက
အထင်ကရ မရှိတဲ့ တိမ်တွေလို
မျောချင်ရာမျော လွင့်ချင်ရာလွင့်ပေါ့ ...။

မွန်းကျပ်မိပါသည် ... ရင်တွင်းတနေရာဆီက
မဖြေရှင်းကာ ရှောင်နေရတဲ့
ဝေဒနာ အပူဒဏ်ရာတွေ
နေလောင်မှာ ကြောက်ကြောက်လာတော့လည်း
တခါတခါ ရေလောင်း
အမာရွတ်ဟောင်းတွေမှာ အနာဖက် အသစ်လောင်းလို့ပေါ့ ...။

အထီးကျန်မိပါသည် ... နေရာတကာတွေမှာ
ပျော်စရာ အမြင်တွေကြောင့်
လိုချင်ကာ တောင့်တမိတယ်
ကြင်ဖော်တောင် ပစ်သွားတဲ့ ဘ၀မို့လည်း
မလှမပနေ့ရက်တွေကတော့
မရှုမလှ ကျဆုံးရပေါ့ ...။

တကယ်ဆို
အညတရ နှလုံးသားကမှ
ဘာမှ မရခဲ့တာလေ ...။
အထီးကျန်ခြင်းမှာတောင်
ကျွန်တော်ဟာ ဟီးရိုးအဖြစ်နဲ့
ရင်နှစ်မွှာ အခါခါကွဲလို့
လက်မထောင်နေရတော့မှာလား ...။

ပြန်မလာနိုင်မှန်းသိပေမယ့်
ဒဏ်ရာရ နှလုံးသားကမှ
အပြီးအပိုင် အစားမထိုးနိုင်တော့
အထီးကျန်ဟီးရိုးဆိုလည်း
ကိုယ့်နန်းကိုယ့်မြို့  ရိုးမှာ
အလွမ်းစည်းရိုးတွေ ကာရံ
အနု အလှ အကြမ်း အရမ်း တွေနဲ့ပေါ့ ...။
   ~~~ @@@ ~~~
(ခုရက်ပိုင်း စက်သုံးလို့မရပါသဖြင့် မည်သူ့ဆီမှ မရောက်နိုင်တာ ခွင့်လွှတ်ကြပါခင်ဗျာ ...)
ပုံလေးကို ဒီကနေ ယူပါသည်။

3 comments:

  1. ကဗျာလေး ခံစားသွားတယ် ..

    ReplyDelete
  2. အထီးကျန်တဲ့အချိန်တွေကို. . . အချိန်ဆိုတဲ့ သမားတော်ရယ် အလုပ်ဆိုတဲ့ အဖော်တွေနဲ့ အမြန်ဆုံး ဖြေဖျောက်နိုင်ပါစေရှင်..

    ReplyDelete
  3. I like this poem....
    I am scared to be lonely.....
    Don't want to get hurt....
    Don't want to see the couple of broken....
    Wishes all be happy....

    ReplyDelete