Tuesday, February 23, 2010

“ခွင့်ပြုပါ”


ဆန္ဒ... ဘ၀နဲ့ လက်တွေ့မကျလို့
တကယ်မရတဲ့ အရာတွေ ဘယ်မျှရှိနေမလဲ ...
နှလုံးသားဟာ အပြစ်မရှိပဲ
အရှုံးတရားမှာ လုံးပါးပါးနေခဲ့ပြီ ...။

လမ်းတွေလည်း လျှောက်ရင်းနဲ့ပျောက်
အကြမ်း(ယမကာ)တွေလည်း သောက်ရင်းနဲ့စောင့်လို့
အခါခါမှောက်ခဲ့ရတဲ့ ညနေခင်းတွေ
နာကျင်ခြင်း အပိုင်းအစတွေ
အယူခံခွင့် မရှိတဲ့ စွဲချက်တွေနဲ့
အလွမ်းအချုပ်ထောင်မှာ
အမြဲချုပ်နှောင်ခံနေရတယ် ...။

စီရင်ချက်ချမယ့် တရားသူကြီးက
နင်ဖြစ်နေလေတော့
တရားခုံရုံးမှာ တအားကိုရုန်းရမှာ ... ငါသိတယ် ...
အချစ်နဲ့ လဘ်ထိုးလည်း အပြစ်အတွက် ထပ်ဆိုးမှာဆိုတော့
တိတ်တိတ်ကလေးနေ ယတြာတွေချေနေတော့မယ် ...။

အချိန်ကသက်သေဆို ဘယ်မှာလဲ ငါ့အတွက် ရှေ့နေ
ဒီလိုနဲ့ ရက်တွေ ရတက်ဝေစေတော့
တောင်းဆိုမိလိုက်တဲ့ ဆင်ခြေဆင်လက်တွေ
ဒုန်း ... ဆိုတဲ့ အသံနဲ့ ၀ုန်း ... ဆိုတဲ့ ဟန်ကြောင့်
ကိုယ်ခေါင်းကိုယ်လျှို မသိသလိုပဲ နေလိုက်ရတယ် ...။

ဒီလိုနဲ့ ...
ပျော့ခွေနေတဲ့ နှလုံးသားတွေ လျော့ပြေစေဖို့ဆို
ပီယဆေးတွေကိုဖော် မှန်မှန်သာသောက်သုံး
အကြံအဖန် လျှောက်ထုံးတွေနဲ့
နောက်ဆုံးနိဂုံးကို မျှော်လင့်နေလေရဲ့ ...။

မည်သို့ပင်ဆိုစေကာမူ ... ဤသို့လေ သစ္စာကြောင့်
တရားတဂွင်လုံးမှ ကွင်းလုံးကျွတ်မလွတ်ရင်တောင်
အချစ်တရားရုံးမှာ အပြစ်အများဆုံးနဲ့
ရိုးမြေကျ ဒဏ်ခတ်ခွင့်ပြုပါတော့ ...။
  ~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပါသည်။

8 comments:

  1. နှစ်သက်တယ် ..

    ReplyDelete
  2. တရာသူကြီးက နင်တဲ့လား... ဒါဆို တထောင်လူကြီးက အစ်ကိုပေါ့... ဟားဟား... ဘာရယ်မဟုတ်ပါဘူး... အလွမ်းစာတွေကြားမှာ ဟာသတစ်ခုဖောက်ကြည့်တာ....း)))

    ReplyDelete
  3. အရိုးဆွေးတဲ့ အထိ ခွင့်ပြု ပါတယ်...း)

    ReplyDelete
  4. ကျေးဇူးပန်ပန်ရေ ... မျက်လုံးတွေလည်း မကောင်းတော့ဘူး... ခုရက်ပိုင်း စာလုံးပေါင်းတွေမှားလိုက်တာမှ လွန်ရော...

    ReplyDelete
  5. ဒီလိုမျိုးရုံးရောက် ဂါတ်ရောက်ဆိုလည်း မဆိုးပါဘူးလေး)

    ReplyDelete
  6. ကျွန်ုပ်တို့ ဂျူရီလူကြီးများအဖွဲ့မှ သင့်အား အိမ်ထောင်ချလိုက်သည်။ အယူခံခွင့်မရှိစေရ။

    ReplyDelete
  7. ခံစားချက်တွေဖွဲ့နွဲ့ထားတာ ကောင်းလှချည်လား။ ကဗျာတွေ idea ကောင်းတယ်။
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete