Saturday, February 13, 2010

“ဒီလိုနေ့ .. ”


ရာသီလှလှတွေထဲ
ဝေဒနာ စာမပီသ
ဒီလိုနေ့ကမှ
မျက်ရည်မိုးတွေ ကြွေရတယ် ...

အထီးကျန်ကဗျာကိုမှ
ရေးမရတဲ့ အခါ
နှလုံးသား တွန်းထိုးသံက
ဆာလောင်ငတ်မွတ်တဲ့
သားကောင်အလား
တောင့်တနေလိုက်တာ ...

တချက်တချက်ဆို
ရင်ထဲလှိုက်တက်လာတာ
ကြားလိုက်ရတဲ့ စကားတွေ
တွေ့လိုက်ရတဲ့ ဆုတောင်းသံတွေ
ပျော်နေကြတဲ့ သူတွေကြောင့်
ငိုနေရတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ် ...

အစတခုကိုမှ ဆွဲထုတ်
နှောင်းကြိုးတွေ ရှုပ်လို့
မေတ္တာအိမ်ထဲမှာ ပုန်းခို
မျက်ဝန်းစိုစိုမှာမှ
တွဲလဲခိုခဲ့လိုက်တာ
တချိန်မှာတော့
ဒီလိုနေ့မှာ
နှလုံးသားလေး
ပြန်ရှင်သန်ကောင်းပါရဲ့နော် ...

  ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။

5 comments:

  1. ကိုညရေ နောက်နှစ်တော့ ပျော်ရမှာပေါ့ :)
    ချစ်သူများနေမှာ ပျော်ရွှင်ပါစေ:p

    ReplyDelete
  2. ပြန်ရှင်သန်လာမှာပါ အစ်ကိုရေ.....

    ReplyDelete
  3. ၂၀၁၁ မှာ နှလုံးသားလေး ပြန်လည်ရှင်သန်နိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ် ညရဲ့ကောင်းကင်ရေ။း)

    ReplyDelete
  4. ဒီလိုနေ့မျိုးမှာ ခံစားချက်ချင်း တိုက်ဆိုင်ပါတယ်။

    ReplyDelete
  5. ရှင်သန်ဖို့ကို ကိုယ်တိုင်ကြိုးစားဖို့လိုမယ်ထင်တာပဲလေ။ လဲတဲ့နေရာကပဲ ပြန်လည်ရှင်သန်နိုင်ပါစေ။

    ReplyDelete