နွေရွက်အ၀ါတွေ
ရင်ဘတ်အပြာပေါ်မှာ
တရွက်ပြီး တရွက်ကြွေ
မေ့မရတဲ့ ရက်တွေနဲ့ စိတ်တွေထွေ ...။
မိုးရွက် စိမ်းစိမ်းတွေ
နှလုံးအိမ် နီနီမှာ
တစက်ပြီး တစက်ဝေ
အိပ်မရတဲ့ ညတွေနဲ့ အလွမ်းတွေစွေ ...။
ဆောင်းရွက် ဖြူဖြူတွေ
လက်ဖ၀ါး ထူထူမှာ
တချပ်ပြီး တချပ်နေ
မှန်းဆမရတဲ့ အချစ်တွေနဲ့ ဘ၀တွေသေ ...။
ယူ ... ရေ ဘယ်မှာတုန်း
ကူညီကယ်ပါဦး
ဖူးစာရေးနတ်ကလည်း
သုံးဥတု အဆက်ဆက်မှာ
စာရင်းက ဖျက်ဖျက်သွားတော့
မတတ်မသာနဲ့
ငှက်ပျောတုံး တတုံးနဲ့ပဲ
နောက်ဆုံး ဖက်ကာ လုံးရတော့မယ်လေ ...။း(
ညလင်းအိမ် (၃.၇.၁၀)
စိတ်တွေညစ်နေလို့ အပျော်လေးတင်လိုက်တာပါ ..း))
ငှက်ပျောသီးတော့ ဈေးကြီးတော့ မယ်
ReplyDeleteငှက်ပျောတုန်းဖတ်မယ့် သူ အချင်းချင်း အဖော်ရပြီး
ReplyDeleteလာဖတ်သွားပါတယ်ရှင် စာဖတ်ရင်းနဲ့ တေးဂီတသံစဉ် လေးတွေကိုလည်း ခံစားသွားပါတယ်။
ReplyDeleteသြော်...သူများတွေများ အပျော်တင်လိုက်တဲ့ကဗျာဆိုပါလား..
ReplyDeleteငှက်ပျောပင် စိုက်စားရင် မဆိုးဘူးပဲး)
ReplyDeleteညစ်နဲ့လေ ငှက်ပျောတုံးက ရှာရခက်နေတာကိုး))
ReplyDeleteကဗျာတွေလာဖတ်သွားတယ် ။ စီဗုံးအော်မရလို့ မန့်သွားကြောင်းပါ။
ဝါ စိမ်း နီပြာ အရောင်စုံခြယ်ထားတဲ့ ကဗျာလေး လှလိုက်တာလို့ ဖတ်နေရင်း နောက်ဆုံးတော့ ကဗျာဆရာက ငှက်ပျောတုံးစာ မိသွားပါလား။ :)
ReplyDeleteငှက်ပျောတုံးကိုဘဲ အားကိုးတော့မဲ့သဘောပေါ့
ReplyDeleteဒီလောက်တော့ အားမငယ်ပါနဲ့ အချိန်တွေရှိပါသေးတယ်နော်