Thursday, July 1, 2010
“မျှော်လင့်ရင်း ... ဝေး ...”
တဲအိုပျက် သာသာပါပဲ
ယိုင်နဲ့နဲ့ နဲ့ အလွမ်းအခါးတွေက
မှော်ဝင် အရောင်တွေထဲ ပြည့်နှက်
အချစ်ကို အမှောင်တိုက်ကြတယ် ...။
ကယောင်ကတမ်း ညတွေမှာတောင်
စိမ်းရွှေရောင် အိပ်မက်တစ်စုံက
နီးစပ်ခွင့်ကို မပေးဘူး
အကွာအဝေးတွေနဲ့ ခြားခြား သွားရတယ် ...။
ဒဏ္ဍာရီဆန်ဆန် ပြကွက်တွေလား
ရှုစားသူမဲ့ ပိတ်ကားထဲ
မျက်ရည်ကျခန်းတွေက ပိုများလာတော့
အက်ရှရှ ညီးသံသဲ့သဲ့တောင်
တစတစ ပျောက်ကွယ်သွားရတယ် ...။
ဒီလိုပါပဲလေ ...
တယောက်တည်း ပေမယ့်
အထီးကျန်ခြင်းက အရိပ်ကျတော့
ဖတ်မရတော့တဲ့ အတိတ်တွေထဲ
ပစ္စုပ္ပန်မှာ ကြွေကျမယ့် အနာဂတ်တွေ
ငါ့ ကို ... ထမ်းပိုးသွားကြတော့မယ်လေ ...။
ညလင်းအိမ် ( ၁.၇.၁၀)
~~~ @@@ ~~~
ပုံကို ဒီကနေ ယူပါသည်။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
ကဗျာအသစ်လေးကိုလာဖတ်သွား၏
ReplyDeleteကောင်းတယ်။
ReplyDeleteဟေ့..ဘယ်ရောက်နေတာလဲ..
ReplyDeleteလှပတဲ့အနာဂတ်တွေကထမ်းပိုးသွားမှာပါနော်...။
အဆင်ပြေပျော်ရွှင်ပါစေ..
ခင်တဲ့
သဒ္ဓါ
ကဗျာ နောက်ဆုံးအပိုဒ်လေး အရမ်းကြိုက်တယ် စာသားတွေ ကျစ်လစ်နေပြီး လှနေလို့ ။
ReplyDeleteအကိုရေ.... ရင်ဘတ်တစ်ခုလုံးချပြလိုက်တာလား... ခံစားချက်တွေ ပြင်းနေတယ်.. ထင်တယ်...း)
ReplyDelete