Friday, June 4, 2010

“မာယာနတ်သမီး”

နင်ဟာ နတ်သမီးလား
ငါ့ ရင်ခွင်ကို စီးပြီး မျှော်လင့်ချက်ကို ကြဲချတယ်
ပြီးတော့ ..............
ငါ့ နှလုံးသားကို အရောင်ဆိုးတယ်
ပြီးတော့ ..............
ငါ ... ရိတ်သိမ်းခံလိုက်ရတယ်
ငါ့မှာတော့ အလွမ်းငုတ်တိုတွေနဲ့ ထိုင်ငိုနေရပြန်တယ် ...။

နင် ခင်းကျင်းထားတဲ့ အစီအမံတွေထဲမှာမှ
ရူးနှမ်းစွာ ပါဝင်ပတ်သတ်ခဲ့မိတဲ့ ... ငါ
အသည်းတွေ တဖြုတ်ဖြုတ်နဲ့ ဆွဲနှုတ်ခံလိုက်ရပြန်တယ် ...။

နတ်သမီးရေ ...
နင့် ရာသီခွင်ထဲမှာ
ငါက ပြသဒါးဆိုရင်
တိတ်ဆိတ်စွာနဲ့ ပျောက်ကွယ်ပေးပါ့မယ် ...။

ငါဟာ နင့်ရဲ့ မြူမှုန်တမှုန်တောင်
ဖမ်းဆုပ်ခွင့် မရခဲ့တဲ့ အကောင်
ခွေးတစ်ကောင်လို အမောင်းခံလိုက်ရတဲ့ နောက်တော့
ငါဟာ သေဖို့ ရက်စေ့သွားပြီပေါ့ ...။

နတ်သမီးရေ နင့်မာယာကို နင်ရုတ်
ခေါ်ထုတ်သွားပါတော့
မာနမရှိတဲ့ ငါ
ဘာမှမရှိတဲ့ နေရာမှာပဲ
ထာဝရ ဖြစ်မယ့် အချစ်တွေနဲ့
ငါ့ သေတွင်း ငါတူး ... ရူးနေရအုန်းမှာပေါ့ ...။

ညလင်းအိမ် (၅.၆.၁၀)

ချစ်သူဖြစ်ရက်နဲ့ အချစ်မခံရတဲ့ ဘ၀မှ အားလုံးဝေးကြပါစေဗျာ ...။

6 comments:

  1. ဟုတ်ပနော်...ချစ်သူဖြစ်ရက်နဲ့ အချစ်မခံရတာ..
    ခံစားပေးသွားပါတယ်..ကဗျာလေးကောင်းတယ်.။

    ReplyDelete
  2.း) ရင်ဘတ်မှန်တဲ့အကြောင်းထပ်မပြောတော့ဖူးး)

    ReplyDelete
  3. ကိုတူးရေ...ဘာပြောပေးရမှန်းကို မသိတော့ဘူး။ :((


    အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးသွားတော့တယ်

    ReplyDelete
  4. တယ်ဆိုးတဲ့ ခံစားချက်ပါပဲ..ကိုည..

    ReplyDelete
  5. ပြန်ရောက်သွားတာတောင် အဆင်မပြေ သေးဘူးပေါ့။ ဒီလောက် ကဗျာရေးကောင်းတဲ့ သူရဲ့ အရေးအသားမှာ မမျောလွင့်ရင် သူ ခံစားချက် မဲ့ လို့ပဲ ဖြစ်မယ်။ အချိန်တခု ကျော်လွန်သွားပြီးရင် နေရတာ ပိုပြီး အဆင်ပြေသွားမှာတော့ ယုံကြည်ထားပါဗျာ။

    ReplyDelete
  6. ချစ်သူနဲ့ ကင်းဝေးခြင်းမှ အားလုံး လွတ်ကင်းပါစေ . . . .

    ReplyDelete