Wednesday, May 26, 2010

“အမှားတွေနဲ့ ဓား”

ငါလေ ...
အမှတ်မရှိခဲ့ပါဘူး
တချက်ထိတောင် ရှတဲ့ ဓားကိုမှ သွေးနေမိတယ် ...။

အဲဒီဓားသွားက ငါ့ နှလုံးကို မွှန်း
ဘ၀တွေ ပွန်းပွန်း လာတာတောင်
ပေးဆပ်ရခြင်းကိုက
နှလုံးသားတွေ ထပ်ကြွေ
ဘ၀တွေ ထပ်သေရတယ် ...။

တကယ်ဆို
သွေးနေတဲ့ ဓားကပဲ ထက်ထက်လာတာလား
သွေးနေတဲ့ လက်ကပဲ ပျက်ပျက်လာတာလား
အမှတ်တရား မရှိတာတော့ မဟုတ်ဘူး
အမှတ်မှားမိတာ ဖြစ်ချင်ဖြစ်မယ်
အဲဒီဓားကိုတော့ သွေးနေမိအုန်းမှာ သေချာတယ် ...။

ဒါနဲ့တောင် ...
SORRY ပါဆိုတဲ့ စကားလုံး ရောက်ရောက်လာတိုင်း
ငါလေ ... ပထမတွေထဲက ဒုတိယ ဖြစ်သွားရလေတော့
ရင်ဘတ်ကိုအုပ် ကိုယ့်ကိုကိုယ်ပဲ ရန်လုပ်ရတော့မယ် ...။

ငါ ခုတ်လိုက်ရင် ရမယ့် အစား
သွေးပြီးတော့ပဲ သိမ်းထုတ်လိုက်ပါတော့မယ်
တချိန် အဲဒီဓားအိမ်အဖုံးမှာ
အချစ်တွေ ရှုံးနေတဲ့ ဓားသွားထက်ထက်နဲ့
ငါ့ အချစ်တ၀က်ကို နင်တွေ့ရစေမယ် ...။

ညလင်းအိမ် (၂၇.၅.၁၀)

2 comments:

  1. ဓါးကို မရှအောင် သတိထားသွေးလေ.. :P

    ReplyDelete
  2. နှလုံးသားကိုမွန်းသွားတဲ့ဓါးကို
    သိမ်းထားလိုက်ပါတော့ကိုညရေ...
    နှလုံးသားပျောက်သူတော့အဖြစ်မခံပါနဲ့...

    ReplyDelete