Friday, May 7, 2010

“ကောင် မ လေး ရေ ... ”

ကောင်မလေးရေ ...
ကောင်းကင်တွေပြိုတာတောင် မင်းက မနိုးခဲ့ဘူး ...
ငါ့မှာတော့ အိပ်မက်ကိုပဲ ဖက်တွယ်လို့လား
ဒီရက်တွေမှာ တချက်တလေတော့ အသက်သေတယ် ...။

ကောင်မလေးရေ ...
သင်ရိုးညွှန်းတမ်းတွေ မပြီးသေးတာတောင် မင်းက မရှိခဲ့ဘူး ...
ငါမှာတော့ ဗလာရင်တအုပ်နဲ့ စောင့်နေလို့လား
ဒီရက်တွေမှာ ဒဏ်ရာတရွက်ပြီး တရွက် ကြွေတယ် ...။

ကောင်မလေးရေ ...
ဒီလိုနဲ့ ...
ညတွေက ပြာသွားတယ် ...။
စကားတွေက ၀ါသွားတယ် ...။
ဘ၀တွေက နာသွားတယ် ...။
အချစ်တွေက ညာသွားတယ် ...။

ညလင်းအိမ် (၈.၅.၂၀၁၀)

5 comments:

  1. ဗညားနဲ့ ငါ အကြိုက်ချင်းတူတယ် ..း)

    ReplyDelete
  2. ဘ၀နာတာထက် အချစ်ညာတာက ဆိုးတယ်ဗျာ :(

    ReplyDelete
  3. ကဗျာလေး ဖတ်ပြီး ထပ်တူ ခံစားသွားပါတယ်၊

    ReplyDelete
  4. ကောင်မလေးရေ..နင်ရက်စက်တယ်ဟာ..
    ငါတို့ကိုညကြီး ခံစားနေရပြီဟာ..:P
    ခင်မင်လျှက်။
    မြတ်မွန်

    ReplyDelete
  5. မေ့တေ့တေ့ဖြစ်နေတဲ့ ကိုယ့်ရင်ဘက်အောက်က ကောင်မလေးတစ်ယောက်ကို ပြန်သတိရ သွားမိတယ်...။

    ReplyDelete