Saturday, May 8, 2010

“အမေ”



နွေရာသီ အပူထဲ အရိပ်တခုအဖြစ် ...
မိုးရာသီ မိုးရေထဲ ထီးတလက်အဖြစ် ...
ဆောင်းရာသီ နှင်းမှုန်ထဲ အနွေးဓာတ်အဖြစ် ...
ဖန်ဆင်းခဲ့လေသော ငါတို့ရဲ့အမေ ...
ခုတော့ သူ့ကန္တာရမှာ အိုအေစစ်မဲ့တယ် ...။

မတန်ပါဘူး မွေးရတာလို့
မဟန်ပါဘူး ကျွေးရတာလို့
အညီးစကား မဆိုငြားလည်း
ငါတို့များက ခြေစုံကန်သွားခဲ့တယ် ...။

အမေရေ ...
အမေမရှိတဲ့ အရိပ်မို့ နွေက ပူတယ် ...။
အမေမမိုးတဲ့ ထီးမို့ မိုးကစိုတယ် ...။
အမေမပေးတဲ့ အနွေးမို့ အချမ်းက ပိုတယ် ...။
အမေနဲ့ဝေးတဲ့ အရပ်မို့ မြို့က ဆူတယ် ...။
အမေမကျွေးတဲ့ ထမင်းမို့ စိတ်က တိုတယ် ...။
အမေ့ကိုလွမ်းလို့ ရင်ထဲက ငိုတယ် ...။

အမေရေ ...
သားမိုက် အလွမ်းပိုက်လို့
အမေ့ဆီ ဆိုက်ဆိုက် မပြန်နိုင်သေးတောင်
အမေ့မေတ္တာ ကရုဏာကို
မှန်းမျှော်တမ်းတ ရှိခိုးကန်တော့ပါရစေ ...။

တနေ့ ...
အမေ့ ကန္တာရမှာ သားပျော်ဝင်ပါလိမ့်မယ် ...
အခုတော့ ...
မငိုပါနဲ့ အမေ ...။
မငိုပါနဲ့ အမေ ......။
မငိုပါနဲ့ အမေ ..........။

ညလင်းအိမ် (၉.၅.၁၀)
~~~~ @@@@ ~~~~~
********************************************
အမေ ကျန်းမာပျော်ရွှင်ပါစေ ...။
********************************************
ပုံလေးကို ဒီကနေ ယူပါသည်။

8 comments:

  1. အမေကို ချစ်သူ ဆိုတော့လည်း ခံစားမိပါတယ်ဗျာ။
    ဒါထက် ပိုဝေးတောင်မှ ဒီထက် ပိုမဝေးတော့ပါဘူး။

    ReplyDelete
  2. အမေမငိုပါဘူး စောင့်မျှော်နေဆဲပါလို့ ပြန်ပြောမှာ ကြားယောင်မိတယ်။
    အနန္တမေတ္တာတော်ရှင်ပဲ မဟုတ်လား ။

    ReplyDelete
  3. ချမ်းလင်းနေMay 9, 2010 at 11:10 AM

    အမေကို ချစ်တဲ့သားအတွက် အမေ့ကို လွမ်းနေတဲ့ သားတစ်ယောက်က အမေချစ်တဲ့သားကောင်းတစ်ယောက်အဖြစ် ဂုဏ်ယူပါရစေဗျာ။

    ReplyDelete
  4. အမေနေ့ အမှတ်တရ ကဗျာလေးကို လာခံစားသွားပါတယ်။

    ReplyDelete
  5. အမေနေ့အမှတ်တရကဗျာလေးက ရင်ကိုထိပါတယ်။
    အမေချစ်တဲ့သားတယောက်အဖြစ်အမြဲဂုဏ်ယူနိုင်ပါစေ..။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  6. ၀မ်းနည်းသွားတယ်

    ReplyDelete
  7. ကိုယ်ချင်းစာတယ်ဗျို့

    ReplyDelete
  8. အမေများနေ့ အမှတ်တရကဗျာ လာဖတ်ပါတယ်
    ပျော်ရွှင်စွာနဲ့ အမေ့ကို ကျေးဇူးဆပ်နိုင်သော သူဖြစ်ပါစေရှင်

    ReplyDelete