Sunday, May 23, 2010

“မင်း”

ငါ့ ... ရင်ကို ခိုးခိုးသွားတဲ့
ညတွေမှာ ...
မင်း ... နှိုးနှိုးသွားတဲ့ အိပ်မက်က
ရိုးရိုးလေးပါပဲ ...
ဆိုးဆိုး သွားတာက ငါ့ နှလုံးသား
မရိုးမသားနဲ့ ကိုးကားရရင်
တိုးတိုးသွားတဲ့ အရာတွေတိုင်းက
“အချစ်” ဆိုတဲ့ စိတ္တဇနာမ်တွေသာ ဖြစ်လာတယ် ...။

ညလင်းအိမ် (၂၃.၅.၁၀)
~~~ @@@@ ~~~~
အစမ်းတင်ကြည့်တာပါ။ အလဲ့ ... ကျော်လို့ ရသားပဲ။ ဒါပေမယ့် တကမ္ဘာကြာအောင် စောင့်ရတယ်း)

6 comments:

  1. သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ၊ ကာရန်ညီပြီး အဓိပ္ပါယ်လည်းကောင်းပါတယ်။

    ReplyDelete
  2. ပြန်ချင်ရင်အနီးလေး..မှန်တယ်ဗျာ
    ပြန်တောင်ရောက်သွားပြီးကိုး
    ကဗျာလေးလာခံစားသွားပါတယ်။

    ReplyDelete
  3. မြန်မာပြည်မှာလား...

    ReplyDelete
  4. ကဗျာက ဆက်ရန်ရှိသေးတယ်ထင်တယ်၊ ခံစားသွားပါတယ်

    ReplyDelete
  5. ဘယ်မှာလဲ ဘယ်မှာလဲ တိုက်မလို့စောင့်နေတာလေ ပြောပြော

    ReplyDelete
  6. အချစ် ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကျစ်ကျစ်လစ်လစ်နဲ့ ရေးထားတဲ့ ကဗျာကောင်းလေးပါပဲ။

    ReplyDelete