Wednesday, July 21, 2010

“နေရာမှန်”

မထင်ထားခဲ့ဘူး ...
လေဟာနယ်က ၀တ်ရုံလွှာတွေ
ပါးပါးလေးနဲ့ ရင်ကိုလာရိုက်တော့
နှလုံးသားက သံပတ်မပေးရပဲ
သံစဉ်တွေက သူ့အလိုလို
ဖွင့်ဟမိလာတယ် ...။

တကယ်ဆို
စွဲလန်းမိတာ အပြစ်လား
ရင်ခုန်သံတွေ တဝေါဝေါ
အထိန်းအသိမ်း မဲ့မိတဲ့နောက်
အိပ်မက်နဲ့ ဆောက်ခဲ့တဲ့ အိမ်လည်း
လေထုက ခွင့်မပြုခဲ့ပြန်ဘူး။

နှလုံးသားလမ်းကြောင်းဟာ
ကျွန်းခံရုံတင်မကဘူး
ပြတ်ကို ပြတ်နေခဲ့တာ ...။

ဒီလိုနဲ့ ...
အားငယ်စွာ စိုးထိတ်မှုတွေကလည်း
ရာထောင်ချီခဲ့ပြီ ...။
ရင်ထဲက တီးတိုးရွတ်ဆိုခဲ့တဲ့
နာမည်တစုံကလည်း တိမ်ဝင်သွားခဲ့ပြီ ...။

မုသားမပါတဲ့ စကားလုံးတွေက
အမှန်ကို ဖုံးခဲ့လို့လား ... ဟင်
အညတရရဲ့ ရင်ခွင်ဟာ မှောင်မိုက်
ညတွေတောင် ကမ္ဘာပျက်သွားခဲ့ပြီ ...။

မျှော်လင့်ထားတဲ့ လမ်း
ဘယ်မှာမှန်းလဲ မသိ ...
တောင့်တနေမိတဲ့ ကွက်လပ်လည်း
ဗလာနတ္ထိ ...
တိတ်တခိုး ညည်းသံသဲ့သဲ့တောင်
အပါးတော်က နှုတ်ဆက်သွားခဲ့တော့
ကျွန်တော့ ရပ်ဝန်းမှာ
နောက်ဆုံးတော့ ...
မျက်ရည်ငွေ့တွေတောင် မြစ်ဖျားခံကုန်ကြပြီလေ ...။

ညလင်းအိမ်
(၂၂.၇.၁၀)

4 comments:

  1. ဘာတွေဖြစ်နေပြန်ပြီတုန်း...

    ReplyDelete
  2. နှလုံးလမ်းကြောင်း ပြတ်နေရင် တံတားသာ ထိုးလိုက်တော့ဗျို့။

    ReplyDelete
  3. လေထုထဲက အိမ်လေးက တိမ်လေးတွေထဲ ညှိတွယ်နေခဲ့ရင်တောင် အကောင်းသားဗျာ.. ခုတော့ ဘာမှမရှိတော့ဘူးပေါ့.. နေရာမှန်ပေါ့.. တရားနဲ့ဖြေနေတာလား.. အကိုရေ..

    ReplyDelete
  4. ကဗျာလေးဖတ်ရင်း စိတ်မကောင်းဖြစ်မိသလိုပဲ။
    နှလုံးလမ်းကြောင်းလေးပြန်ဆက်နိုင်ပါစေလို့..။

    ReplyDelete