Saturday, January 23, 2010

“မော်ကွန်းဝင်မယ့်သူ”




နှလုံးသားနှစ်ခုကြား
မဆုံနိုင်တဲ့ အမှတ်နှစ်ခုက
မျဉ်းပြိုင်သီအိုရီတွေနဲ့
ဘ၀တွေကို ခြားစေခဲ့ပြီလား ...။

ပြန်မလာနိုင်တဲ့ လမ်းတွေမှာ
ဖန်တရာမက အိပ်မက်တွေနဲ့
ကြံရာမရ စောင့်မျှော်နေလည်း
အိုမင်းရင့်ရော်ခြင်းတွေသာ
တစစတိုးလို့ ရိုးသွားခဲ့မယ်
ဆိုးရွားတဲ့ ကံကြမ္မာက
  ဟားတိုက်နေမလားပဲ ...။

တကယ်ဆို
ချစ်ခဲ့တာမှားတာလား
မှားပြီးချစ်ခဲ့တာလား
ဝေခွဲမရမှုက ကြေကွဲမှုတစတစကို
အစအန လာလာကောက်တယ် ...။

ဖျောက်ဖျက်မရမှတော့
နှလုံးသားစာမျက်နှာမှာ
အမှတ်စဉ်ရက်တွေနဲ့
သက်သေထွက်ပြီး သိမ်းထားရုံပဲပေါ့ ...။

အထီးကျန်ခြင်း အပျိုက
တံဆိပ်ခေါင်းမပါ စာအိတ်ဗလာနဲ့
နှလုံးသားမှာ နားလာတော့လည်း
သူ့ကိုပဲချစ် သူု့ကိုပဲ မြတ်နိုးရုံပေါ့ ...။

ရောင်နီလာရင် အလင်းရောက်မယ်တဲ့
ကျွန်တော်ကတော့
မှောင်ရီလာလေ လမ်းပျောက်နေခဲ့ရတယ် ...။

ယစ်မူးရီဝေစေတဲ့ ယမကာတွေတောင်
စိတ်ကူးအထွေထွေကို ရင်မခုန်ခဲ့လို့
နေလွန်ချိန်တွေမှာ ရေချိန်လွန်ခဲ့ပြီးပြီ ...။

ဒီတော့ ...
ဆက်လျှောက်ရမယ်ဆိုလည်း
မင်းမရောက်တဲ့ လမ်းမှာတော့ ဆက်ဆက်စောင့်နေဦးမှာပါ ...။

ညှင်းသွဲ့သွဲ့ လေအဝှေ့မှာ
ကြွေလွင့်ခဲ့တဲ့ မျက်ရည်တွေအတွက်
စောင့်ခဲ့တဲ့ ရက်တွေက 
ကမ္ဗည်းမော်ကွန်းမှာတော့  ကျောက်စာ အဖြစ်နဲ့ပေါ့ ...။
~~~ @@@ ~~~

(စာမေးပွဲရှိပါသည်.. စာကျက်မရလို့ ကဗျာ ထိုင်ရေးလိုက်တာ အဆွေးကဗျာပဲ ဖြစ်သွားတယ်.. အဟီး ...
ခွင့်လွှတ်ကြပါ ခင်ဗျာ...)
ပုံကို ဒီကနေ ယူပါသည် ခင်ဗျာ...

5 comments:

  1. ကဗျာ ခံစားရေးဖွဲ့မှု့တွေကတော့
    လန်းတယ် .... :)

    ReplyDelete
  2. သေချာဖတ်ပြီး ခံစားသွားပါတယ် ...

    ReplyDelete
  3. ကဗျာလေး၂ ပုဒ်လုံးကောင်းတယ် . .

    ReplyDelete
  4. နှင်းဝေလဲ့သီ ဆောင်းညယံဆီက ကိုဖတ်ပြီးမှ ဒါကိုဖတ်လိုက်တော့ သိပ်မတိုးဘူးဖြစ်သွားတယ်....

    ReplyDelete