Thursday, January 21, 2010

ကျောက်ဖြစ်ရုပ်ကြွင်း

ချိုမြမြ အလွမ်းသံစဉ်
တီးခတ်တတ် သူပေမယ့်
ရှတတ ရင်ခွင်တဖက်မှာတော့
ဒဏ်ရာချက်တွေက အထပ်ထပ်
မပြတ်လပ်အောင် ရက်ဆက်နေပါလား ...။

ဒီလိုနဲ့ပဲ
လေနေတဲ့ စိတ်တွေနဲ့
အခြေအနေ မဲ့မှုတွေကြောင့်
ပြက္ခဒိန်တွေကို ရိုက်ချိုး
အတိတ်ကို တစ်ရက်တိုးတောင်
တသက်မရိုးနိုင်တဲ့
အလွမ်း ကားချပ်က
မှုန်ဝါးဝါးနဲ့ တိုးပွားလာတယ်လေ ...။

တကယ်ဆို ကျွန်တော်ဟာ
ဘာမှ မရခဲ့တဲ့သူ

ပစ်ခါခါပြောရင်ဖြင့်
နေမြင့်လေ အရူးရင့်မယ်သူ
ရေအတင့်မှာ အခြေ၀င့်ချင်ခဲ့သူ

လိုတာကိုမရ
မလိုတာကို တမိတော့
ဘ၀မှာ ရှတတနဲ့
အစအနကောက်မရတဲ့
ကျောက်ခေတ်ကလူမို့
ကျန်ရှိတဲ့ ချစ်ခြင်းက
ကျောက်ဖြစ်ရုပ်ကြွင်းဆိုလည်း
ပျောက်ပျက်မယွင်းအောင် 
နှလုံးသားပြတိုက်အတွင်းမှာ
တည်ကြွင်းစေတော့မယ် ...။
~~~ @@@ ~~~

2 comments:

  1. အစ်ကို နှလုံးသား ကျောက်ဖြစ်ရုပ်ကြွင်းက တန်ဖိုး အကြီးဆုံး ရုပ်ကြွင်း တစ်ခုအဖြစ် ပြတိုက်မှာ တည်နေ နိုင်မှာပါ.။

    ReplyDelete
  2. ခံစားချက်တွေ တူညီလွန်းလိုက်တာ.. ဒါပေမဲ့ ကျွန်မက အဲလောက်ထိ ကဗျာတွေမစပ်နိုင်ဘူးလေ။ ဒီကဗျာကို ရေးစပ်ပေးတာ ကျေးဇူးတင်ပါတယ်

    ReplyDelete