Sunday, March 7, 2010

“အရှုံး”



ကြေမွခဲ့ပါပြီ
နာကျင်လွန်းလှတဲ့ နှလုံးသား
အရှုံးသမားရဲ့ နေ့ရက်တွေထဲမှာ
တခြမ်းပဲ့ အက်မွလို့ ...

အရှုံးအတွက် ငိုကြွေးသံက
တယောသံထက် ဆွေးပူအက်ရှ
သံစဉ်တောင်မလှပတော့
ဒီဘ၀အတွက် ရလဒ်အဆုံးမှာ
နောင်တမြူခိုးတွေ ဖုံးလို့
စိတ္တညတွေနဲ့ အတူ
အရှုံးတသိုက်နဲ့
လွတ်မြောက်ရာလမ်းတွေဆီသို့ ...

အိပ်မက်ခြင်းတူတာတောင်
မက်ခဲ့တဲ့ အိပ်မက်က
အရှုံး ပါဝါ အရှုံးမို့
အရှုံးသမားအတွက် အရှုံးများရက်တွေကို
နာကျင်စွာခံယူ
ဒဏ်ရာအပူတွေနဲ့
ဝေစေဝေ ... ကြွေစေကြွေ ... သေစေသေ ...

ဇာတ်လမ်းအစက အရှုံး
ဇာတ်လမ်းအဆုံးလည်း အရှုံး
နှလုံးသားတွေလည်း အခါခါ ဆုံးလို့
နောက်ဆုံးအရှုံးကိုမှ ရှုံးခဲ့ရပြီမို့
အရှုံးကိုထွေးပိုက် ရှုံးမယ့်ရက်တွေမှာ
စိတ်ကိုက အရာရာမှာ ရှုံးနေခဲ့ရပြီလေ ...။
   ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။

7 comments:

  1. ကဗျာလေး လာအားပေးပါတယ်

    ReplyDelete
  2. အင်း...မမဒဏ္ဍာရီပြောသလိုပါပဲ..ခံနိုင်ရည်ရှိအောင်ပဲ
    ကြိုးစားတော့ပေါ့နော်...ဘာပြောပေးရမှန်းလည်း မသိတော့လို့...

    ReplyDelete
  3. ကိုတူး.......
    ညီမ....ဒဏ္ဍာရီပြောသလိုပဲကွာ............း((((
    ခင်မင်ဆဲ...
    ဏီလင်းညို

    ReplyDelete
  4. ဘ၀မှာ အရှုံးတွေအများကြီးကြုံခဲ့ဖူးပေမယ့် ကိုညရဲ့ကောင်းကင်ရဲ့အရှုံးကဗျာနဲ့စာလိုက်ရင် နဲနဲသက် သာရာရခဲ့ပါတယ်။ ရှေ့ဆက်ပြီး အရှုံးများမှ လွတ်မြောက်ပါစေနော် ...

    ReplyDelete
  5. အရှုံးတွေ အားလုံး တစ်နေ့မှာ အနိုင်တွေ ဖြစ်လာပါစေ ညရဲ့ကောင်းကင်ရေ

    ReplyDelete
  6. ဘဝက ရှုံးလိုက် နိင်လိုက်ပါပဲ

    ReplyDelete
  7. အာ ..... အချစ်မှာ ဆုံးခြင်း ၊ ရှုံးခြင်း မရှိပါဘူးဗျာ

    ReplyDelete