Friday, March 12, 2010

“မေ့မရလို့ပါ”


သိသာသိတယ် မလုပ်နိုင်တဲ့ အရာထဲမှာ
မေ့ပစ်ခြင်းဆိုတာက
လွမ်းဆွတ်သတိရခြင်းတွေကိုသာ
တဖြည်းဖြည်းတိုးလို့ .....တိုးလို့......

သတိရတိုင်း မေ့ပစ်တယ်
မေ့ပစ်ပြီးတိုင်း သတိရတယ်
သံသရာဟာ လည်ပါတယ်ဆိုတာ
ကိုယ်တိုင်ကြုံမှ ခံစားမိရသလား ...

နှလုံးသားအပို ငှားလို့ရရင်
တခုလောက်တော့ လိုချင်ပါရဲ့
ခံစားရတာတွေ မလောက်ငှ
ကြေကွဲနေရတာ မလောက်ဝလို့ပါ ...

အဆုံးနဲ့ အစဟာ တနေရာမှာပြန်ဆုံတယ်တဲ့
အဲဒီနေရာကို သွားချင်လိုက်တာ
သိရင်လမ်းပြပေးကြပါ
ငါ့မှာ လမ်းပြသူပျောက်နေလို့ပါ ...

ေ၇ှးခတ်အချစ်သူရဲကောင်းတွေ
နာမည်ကြီးခဲ့တယ်ဆိုတာ
အချစ်မှာ ရာဇ၀င်တွေနဲ့ ကျဆုံးခဲ့ကြလို့ပါ
ငါလည်းပဲ နေမ၀င်နိုင်တဲ့ အချစ်တွေနဲ့
ရာဇ၀င်မတင်နိုင်အောင်ပဲ
နေကွယ်သွားရင် ကျရှုံးနေရတော့ရမှာလား ...

အချစ်ဆိုတာ ချစ်နေရရင် ပြီးပြည့်စုံတယ်ဆို
ဒါဆိုရင် ... မေ့မရမယ့် အတူတူ
တစ်ဘ၀လုံးစာအတွက်
ငါ နင့်ကို ဆာလောင်မွတ်သိပ်စွာ ချစ်နေပါမယ်လို့ ...
 ~~~ @@@ ~~~

5 comments:

  1. ဘာပြောပြော ချစ်နေအုံးမှာပဲ မဟုတ်လားဗျား)

    ReplyDelete
  2. ချစ်သူအသစ်လေးနဲ့ တွေ့လာရင် ချစ်ဖို့ အချစ်တွေ ချန်ထားပေးဖို့ မမေ့နဲ့အုံးဟေ့။ :P

    ReplyDelete
  3. ကဗျာလေးတစ်ပုဒ်လုံးစကားလုံးလေးတွေက
    အရမ်းနူးညံ့တယ်...အရမ်းနှစ်သက်မိပါတယ်။

    ReplyDelete
  4. ချစ်နေရရင် ကျေနပ်နေတဲ့ ကိုညရဲ့ကောင်းကင်ရဲ့ အချစ်ကို တကယ်လေးစားပါတယ်...

    ReplyDelete
  5. ချစ်မယ့် ချစ်တော့ ရာဇဝင်တွင်အောင် ချစ်ဗျား)

    ReplyDelete