Friday, October 23, 2009

သတိရပါ

သံစဉ်ပျက်နေတဲ့ ဂစ်တာတလက်
ကာရန်ညှိမယ့် ကြိုးတွေနဲ့
တီးခတ်မယ့် သူကိုမျှော်နေလေရဲ့ ။

အရှေ့မှာတော့ ငရဲသားတွေက
အတွေးမှားအောင် ရန်ထောင်နေကြတယ် ။

ဘ၀ဆိုတာ မလှပတာလူတိုင်းသိတယ်
ရတာမရတာတော့ အပထား
လက်တကမ်းက ပန်းအလှကို
တမ်းတချင်ကြတာပဲ ။

ဘာကြောင့်လဲ
နားရည်ဝမယ့် စာသားအလှတွေနဲ့
ပါးစပ်ဖျားက သေမလောက်ပြောလဲ
ကြွေမသွားလောက်ပါလား ။

စဉ်းစားကြည့်ပါ
ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီမှာ
အချစ်ဆိုတဲ့ ကဗျာဟာ
မရေရာပေမယ့် သေချာတာက
ဒဏ်ရာဆူးနက် တချက်ထိရင်
ဘယ်လောက်ခံရခက်မလဲ ။

သွားချင်ရင်သွားပါ
မလှပနိုင်ပေမယ့်
ဥယျာဉ်မှူးတို့ဘဝ
ပျိုးခဲ့တဲ့ပန်း လန်းခဲ့ရတယ်ဆို
ပန်းပျိုးလက်တဖက်နဲ့တောင်
အသက်ဆက်နိုင်ပါသေးတယ် ။

ဒါပေမယ့်
သစ္စာတွေအပ်
မေတ္တာတွေ အထပ်ထပ်ခင်းခဲ့တဲ့
ပန်းပျိုးရက် ဘ၀တစ်သက်ကို
အမုန်းမိုးစက်တွေနဲ့တော့
ရင်ဝတဖက်တချက်ကို
သေရခက်အောင် မစူးစိုက်ခဲ့ပါနဲ့
သံစဉ်ပျက်နေတယ်ဆိုတဲ့ ဂစ်တာပျိုရယ် ။

3 comments:

  1. ကဗျာကောင်းလေးကို ခံစားဖတ်ရှုသွားပါတယ်ခင်ဗျာ...။
    အများကြီးရေးနိုင်ပါစေ...။

    ReplyDelete
  2. ဂစ်တာတစ်လက် သံစဉ်တွေ အမြန်ချိုမြိန်ပါစေ..........

    ReplyDelete
  3. ကဗျာ အရေးကောင်းတယ်နော် ..း))

    ReplyDelete