Saturday, October 24, 2009

ကြယ်သေ ***




နက္ခတ်စုံစီ   အရီရီနှင့်
ရှစ်ခွင်ပတ်လုံး   မိုးသားလုံးတို့
မခို့တစိတ်   ပြုံးရိပ်သန်းရောင်
လရောင်ကွေးကွေး   သူ့နဘေး၌
ဝပ်ဆင်းခယ   ယှဉ်တွဲကြတဲ့
သန်းခေါင်ယံည   စစ်ခင်းပွဲမှာ ...

ကြယ်ဓူဝံက   အထီးတည်းနှင့်
တည်ရှိမှုကို   ကိုယ်စားပြုဧ။် ။

ကြယ်စင်ညီနောင်    ခုနစ်ကောင်က
သန်းခေါင်လှနှင့်   ဖင်ထောင်ကလို့
အရောင်မယွင်း   စုစည်းခြင်းဖြင့်
ကကြိုးရင်းကို   တမျိုးခင်းဧ။် ။

ကြယ်စင်အလှ   အိုရီယွမ်က  
ချစ်သင်္ကေတ   သစ္စာလှကို
သဘာဝနှင့်   ယှဉ်တွဲပြဧ။် ။

ကြယ်စင်အားလုံး   အစုရုံးနှင့်
သူတို့စွမ်းစ   ပင်ကိုလှကို
မရမက   ထုတ်ပြကြဧ။် ။

အဝေးတနေ   ကြယ်စင်သေက
ကပြရမယ့်   စစ်ခင်းပွဲမှာ
သူ့ထက်စွမ်းကား   သာလွန်ချည်းမို့
တခြမ်းပဲ့တဲ့   သူ့သက်တမ်းကို
ဘယ်လိုစခန်း   သွားရအံ့ဟု
ကြွေရပင်လျှင်   မြတ်လှချေဧ။်
လူတို့တောင်းဆု   ပြည့်နိုင်မှုကြောင့်
အားမှမတန်   မာန်ကိုအလျော့
ကမ္ဘာမြေတွင်း   သွတ်သွင်းလိုက်မယ်
နောက်ဆုံးအလှ   ငါ့ဘ၀ကို
ကြယ်စင်အားလုံး   ခံစားရင်းဖြင့်   သံဝေဂယူကြလော့ ။ ...

(Orion = မောင်ရင်ဆိုင်းထမ်းကြယ်)
(ဘာရယ်မဟုတ်ပါဘူး ကောင်းကင်ကိုကြည့်ရင်းနဲ့ ကြယ်တစင်းကြွေကျတာကို သတိရမိလို့ပါ)

3 comments:

  1. အင်း နီကိုရဲကိုခံစားပြီးဖတ်သွားတယ် ကိုကောင်းကင်...

    ReplyDelete
  2. အစ်ကိုရေးတာလား.. နီကိုရဲရေးတာလား.. ဘယ်သူရေးရေး.. ၃ ခါလောက်ပြန်ဖတ်ရတယ်.. သိပ်နားမလည်ဘူးဗျ.. ကျွန်တော်ဥာဏ်မမီဘူးဖြစ်နေတယ်...

    ReplyDelete
  3. ကဗျာတွေအားလုံးနီးပါး ကျွန်တော့်အကြိုက်ဖြစ်ခဲ့တယ်။

    ReplyDelete