တနင်္လာတစ်နေ့တဲ့
ငါ့အတွက် အလင်းမလာတဲ့နေ့
အချိန်နဲ့ တိုင်းတာရရင်
နှစ်က နှစ်ဆယ့်နဲ့ရှစ် (၂၈)
ဘ၀ရဲ့ အစကလည်း
နှစ်ရက်ရှစ်လရှစ်ဆယ့်နှစ် (၂.၈.၈၂) ...။
ယိုင်တိုင်တိုင်နေ့စွဲတွေ
မပိုင်ဆိုင်မှုက ခနိုးခနဲ့
ပိုင်ဆိုင်လိုမှုက မျှော်လင့်ချက်မဲ့
ပြက္ခဒိန်တွေသာ စုတ်ပြဲဟောင်းနွမ်းခဲ့ ...။
အထိမ်းအမှတ်လည်း သာမန်ကားချပ်
ဆုတောင်းသံလည်း ရွတ်သံကင်းမဲ့
ဖရောင်းတတိုင်လည်း အရောင်လဲ့လဲ့
အခန်းကျဉ်းထဲမှာ ပြိုပြိုပျက်ပျက် ...။
ဒီလိုနဲ့
ထပ်တူကျတဲ့ နေ့စွဲ တစ်ရက်
တခါသာ လာပေမယ့်
အခါခါ သာတဲ့ လမင်းလို
ထူးမခြားနားချက်က
လသာချိန် လ လာတာပါပဲ
ညအခါတွေမှာတော့
ဘ၀တွေက ယခုထိ အထီးကျန်ဆဲ ...။
ငါ့အတွက် အလင်းမလာတဲ့နေ့
အချိန်နဲ့ တိုင်းတာရရင်
နှစ်က နှစ်ဆယ့်နဲ့ရှစ် (၂၈)
ဘ၀ရဲ့ အစကလည်း
နှစ်ရက်ရှစ်လရှစ်ဆယ့်နှစ် (၂.၈.၈၂) ...။
ယိုင်တိုင်တိုင်နေ့စွဲတွေ
မပိုင်ဆိုင်မှုက ခနိုးခနဲ့
ပိုင်ဆိုင်လိုမှုက မျှော်လင့်ချက်မဲ့
ပြက္ခဒိန်တွေသာ စုတ်ပြဲဟောင်းနွမ်းခဲ့ ...။
အထိမ်းအမှတ်လည်း သာမန်ကားချပ်
ဆုတောင်းသံလည်း ရွတ်သံကင်းမဲ့
ဖရောင်းတတိုင်လည်း အရောင်လဲ့လဲ့
အခန်းကျဉ်းထဲမှာ ပြိုပြိုပျက်ပျက် ...။
ဒီလိုနဲ့
ထပ်တူကျတဲ့ နေ့စွဲ တစ်ရက်
တခါသာ လာပေမယ့်
အခါခါ သာတဲ့ လမင်းလို
ထူးမခြားနားချက်က
လသာချိန် လ လာတာပါပဲ
ညအခါတွေမှာတော့
ဘ၀တွေက ယခုထိ အထီးကျန်ဆဲ ...။
ညလင်းအိမ်
(၂.၈.၁၀)
(၂.၈.၁၀)
သြ. . ဒါဆို Happy Birthday ပေါ့။
ReplyDeleteပျော်ရွှင်ပါစေ။
ံ့Happy Birthday ပါ ကိုတူးရေ...
ReplyDeleteညရဲ့အမှောင်ထုကို အလင်းပေးတဲ့ အလင်းအိမ်လေး..
ညမှာလင်းတဲ့ ညလင်းအိမ်လေး...
သို့မဟုတ်..
“ကြယ်တာရာ ကိုတူးလေး”တယောက် ယနေ့မှစလို့ ကံကောင်းခြင်းတွေပြည့်နှက်နေတဲ့ ဘဝလေးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။
Happy Birthday ပါ ကိုတူးရေ...
ReplyDeleteဒီနေ့ မှာကျရောက်တဲ့မွေးနေ့ လေးမှစပြီး
ကံကောင်းခြင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေဗျာ :)
ကိုတူး အကို ပျော်ရွှင်ပါစေ . . . .
ReplyDelete့happy birthday ..ပါကိုညရေ
ReplyDeleteအထီးကျန်တဲ့နေ့တွေညတွေကို
အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေလို့...
ဆုတောင်းလျက်.....
ခင်တဲ့blackroze
Happy Birthday ပါရှင်
ReplyDeleteပျော်ရွှင်ကြည်လင် အဆင်ပြေပါစေ။
နှစ်စဉ်နှစ်တိုင်း အရာရာ ပြည့်စုံသော မွေးနေ့ကို မပျက်မကွက် ဆင်နွဲနိုင်ပါစေ..
Happy Birthday!!!!
ReplyDeleteမွေးနေ့..မွေးရက်..အားလုံးကိုက်ညီတဲ့ထူးခြားလှတဲ့
မွေးနေ့ပိုင်ရှင်လေး...
နောက်နှစ်တွေ..နောက်နှစ်တွေများစွာအထိချစ်သော
မိသားစု..ချစ်သောချစ်သူနဲ့အတူတကွ ပျော်ရွှင်
စရာဘ၀လမ်းကိုအထီးကျန်မှုမရှိပဲ လျှောက်လှမ်းနိုင်ပါစေ
လို့ဆုမွန်ကောင်းတောင်းပေးပါတယ်.မောင်လေးရေ..
ခင်တဲ့
သဒ္ဓါ
Happy Birthday ... ပါ ..
ReplyDeleteမွေးနေ့မှသည် နေ့ရက်တိုင်း
ပျော်ရွှင်နိုင်ပါစေ ..
အသက် ၂၈ ဆိုတော့
ဟဲဟဲ ...
ဖိတ်စာ ဖိတ်ပြီး ကျွေးရမယ့် အချိန်
ရောက်နေပြီနော် ... :D
sorry နော် ။ မနေ့က ဘလော့ဝင်မရတာနဲ့ မွေးနေ့တရက်နောက်ကျသွားပြီထင်တယ်။ ကဗျာလေးကောင်းတယ်။
ReplyDeleteHappy Birthday ပါ။ ဆန္ဒနဲ့ဘ၀ထပ်တူကျပါစေ။
အမမွေးနေ့က ဒီနေ့ဆိုတော့ အမထက်တစ်ရက်ပိုကြီး နေသလားလို့ (ခုနှစ်မပါရင်ပြောတာပါ)း)))
လာလည်ပါအုံးနော်။
ဒီလိုမှန်းသိ ကဗျာစပ်ခိုင်းပါတယ်းP
Happy Birthday!!!
ReplyDeleteပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ မောင်လေးရေ... နောက်ကျမှ ဆုတောင်းပေးရလို့ မမနွယ် တောင်းပန်ပါတယ်။ တခါတခါသာ သာပေမယ့် သာလိုက်တိုင်းမှာ လင်းလက်ပြီး ပြိုင်ဆိုင်မှု ကင်းတဲ့ တောက်ပခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေနော်။ ရှင်သန်မှုတိုင်းမှာ မျှော်လင့်ချက်ဆိုတာ တထပ်တည်း ပါလာပြီးသားမို့ အရာရာကို ခံနိုင်ရည် အင်အားတွေနဲ့ အောင်မြင်နိုင်ပါစေ....။
ခင်မင်လျှက်
မမနွယ်