မတွေးချင်ပါဘူးလို့ တွေးလိုက်တိုင်း
ဆိုနင့် အက်ကွဲသံတချက်က
ရင်ထဲက ထွက်မလာခဲ့ဘူး
မကျက်တကျက် အနာကပဲ
အပ်ကြောင်းတွေနဲ့ ရင့်ကျက်လာခဲ့တယ် ...။
အဲဒီတော့ ...
နေညိုလာရင် ငိုရမလို
လေပျိုလာရင် ဆိုရမလိုနဲ့
အပိုအလို မရှိတော့တဲ့ လွမ်းတေးတွေ
လမ်းဘေးကိုရောက် ငါလည်း မှောက်နေပါပြီ ...။
တခွက်တဖလားပေမယ့်
တချက်တချက် မှားလာတဲ့
အမြင်တွေ ယစ်မူးလာတော့
ဒီကောင်အမူး ယမကာရူးလို့ ထင်ကြတော့မယ် ...။
တကယ်ထူးတာတော့ ဘယ်သူသိမှာလဲ
ရင်ထဲက အပြိုင်းပြိုင်းနဲ့
ဥသြတွေ ဆွဲတော့မယ် ...။
တကိုယ်လုံးလည်း ကိုင်းပြီ
ခြေလှမ်းတိုင်း နွမ်းပြီ
ဒီနှလုံး(နှလုံးသား) လည်း ကျွမ်းပြီ
ပြန်တွေးတိုင်း အလွမ်းသည်
အမြုပ်တစီစီခွက် အတွင်း သက်ဆင်းရလေသည် ...။
ညလင်းအိမ်
(၇.၈.၁၀)
ဆိုနင့် အက်ကွဲသံတချက်က
ရင်ထဲက ထွက်မလာခဲ့ဘူး
မကျက်တကျက် အနာကပဲ
အပ်ကြောင်းတွေနဲ့ ရင့်ကျက်လာခဲ့တယ် ...။
အဲဒီတော့ ...
နေညိုလာရင် ငိုရမလို
လေပျိုလာရင် ဆိုရမလိုနဲ့
အပိုအလို မရှိတော့တဲ့ လွမ်းတေးတွေ
လမ်းဘေးကိုရောက် ငါလည်း မှောက်နေပါပြီ ...။
တခွက်တဖလားပေမယ့်
တချက်တချက် မှားလာတဲ့
အမြင်တွေ ယစ်မူးလာတော့
ဒီကောင်အမူး ယမကာရူးလို့ ထင်ကြတော့မယ် ...။
တကယ်ထူးတာတော့ ဘယ်သူသိမှာလဲ
ရင်ထဲက အပြိုင်းပြိုင်းနဲ့
ဥသြတွေ ဆွဲတော့မယ် ...။
တကိုယ်လုံးလည်း ကိုင်းပြီ
ခြေလှမ်းတိုင်း နွမ်းပြီ
ဒီနှလုံး(နှလုံးသား) လည်း ကျွမ်းပြီ
ပြန်တွေးတိုင်း အလွမ်းသည်
အမြုပ်တစီစီခွက် အတွင်း သက်ဆင်းရလေသည် ...။
ညလင်းအိမ်
(၇.၈.၁၀)
~~~~ @@@@ ~~~~
အခုရက်ပိုင်း ကဗျာရေးလို့မရပါ။ ရေးစရာ ခံစားချက်လည်း မရှိဘူး။ ဘယ်မှလည်း မရောက်ဖြစ်ဘူး။ အဟီး .. ဒါနဲ့ပဲ ရေးချင်တာ ရေးလိုက်ပါတယ် ...း)
ခွက်ထဲက အလွမ်း မပြတ်ဆဲမိ စတမ်း ဆိုရင်တော့ ကောင်းဘူး။ အခုတော့ ကဗျာလေးက ကောင်းတယ် :P
ReplyDeleteအင်း ကျနော်လည်း ခွက်တွေနဲ့ လွမ်းလွမ်းနေရတာ ကြာပီဗျ ...
ReplyDeleteရေ့ ရေ့ ရေ့ နောက်ကနေ ရက်ပ်ပါ လိုက်လုပ်ပေးတာ ရေး ရေးး)))))
ReplyDeleteအလွမ်းတွေကင်းဝေးပြီး ပျော်ရွှင်တဲ့နေရက်တွေကိုပိုင်နိုင်ပါစေရှင်းးးးး
ReplyDeleteသာယာချမ်းမြေ့ပါစေနော်
မိုး