စူးရှရှမျက်ဝန်း
သေးလျတဲ့ သူ့အပြုံးက
ရင်ခွင်မှာအကြည်ဆိုက်
ခိုက်လိုက်မိတာ...
နူးညံ့ညံ့ဆံနွယ်
လေယူရာတိမ်းတော့
အမူအရာတွေအယိမ်းမှာ
အကြင်နာတွေရင်မှာပိုက်
ချစ်လိုက်မိတာ...
ဒီလိုနဲ့...
ချိုမျမျစကားသံ
ကြားရဖန်များတော့
တနေ့တနာရီဝေးရင်တောင်
အလွမ်းကုဋေရှည်တယ်ထင်မို့
အမြဲတစေ ကြားချင်ပြန်တော့
လှမ်းလာခဲ့မယ်လေ
ချစ်သူရှိရာ လေလှိုင်းဆီသို့...
Saturday, June 27, 2009
Saturday, June 20, 2009
အဖေ
သားတို့တီတာ
ငယ်စဉ်တည်းက
သားတို့မီးတို့
ဆူးမထိအောင်
အစဉ်ပိုက်ထွေး
သားချော့တေးဖြင့်
အမြဲတစေ
အပြစ်မမြင်
အဖမေတ္တာ
ကရုဏာဖြင့်
ချစ်ချင်ခဲ့တဲ့ ... အဖေ
အရွယ်ရောက်သော်
ကျောင်းတော်ကြီး၌
အများတန်းတူ
အလိုသမျှ
မရှိရပဲ
အရာခပ်သိမ်း
ပြည့်စုံငြိမ်းအောင်
အပတ်တကုပ်
အလုပ်လုပ်၍
ရှာဖွေကျွေးမွေး
လုပ်ကျွေးခဲ့တဲ့ ... အဖေ
ချော့ကာတခါ
ချောက်တလှည့်ဖြင့်
စကားများထွေ
အမုန်းယူ၍
ပြောဆိုသော်လည်း
ရင်ထဲတွင်တော့
ကြီးမားမေတ္တာ
စေတနာဖြင့်
သားတို့ကောင်းကျိုး
အစဉ်တိုးအောင်
လမ်းပြပြုပြင်
ညွှန်ကြားပေးခဲ့တဲ့ ... အဖေ
ဖခင်ကျင့်ဝတ်
မပျက်ရအောင်
ငယ်ကစ၍
ရွယ်ရောက်ထိတိုင်
အရိပ်တကြည့်
စိတ်အသိနှင့်
ပူပန်ခြင်းငှာ
မဖော်ပြလည်း
ရင်ထဲတွင်တော့
သားတို့ကျန်းမာ
ချမ်းသာစေကြောင်း
ဆုတောင်းပေးခဲ့တဲ့ ... အဖေ
အဖေ... အဖေ...အဖေ
တွေ့ဆုံချိန်တွေ
နည်းခဲ့သော်လည်း
နောက်ကွယ်ကနေ
သားတို့မျက်ရည်
မကျရအောင်
ပင်ပင်ပန်းပန်း
ရှာဖွေဖြည့်ဆီး
ပေးဆပ်ရင်းနဲ့
ဇရာထောင်းသွားခဲ့ရတဲ့... အဖေရယ်
သား(သမီး)တို့
ပြန်အလာကို
နွေးထွေးနေတဲ့
ရင်ခွင်တစုံ
မေတ္တာဟုန်နဲ့
အမိနည်းတူ
အမြဲကမ်းလင့်
ကြိုဆိုနေတဲ့
အဖေများဆီသို့.........
(၂၁.၆.၂၀၀၉ တွင်ကျရောက်သော အဖေများနေ့ကို ဂုဏ်ပြုသောအားဖြင့်)
Tuesday, June 9, 2009
ဆောင်း

နှင်းပွင့်တွေကြွေ
အလင်းဝေသည့်
ဝေလီဝေလင်း
နံနက်ခင်းမှာ
သာယာကြည်နူး
ကျေးငှက်မြူးသည်
တွန်ကျူးဖန်သာ
သံစဉ်ဝါနှင့်
ကြည်ပြာဝင်းပ
ကောင်းကင်လှထက်
ဖြူစင်ရွှန်းလဲ့
မင်းပုံရိပ်ကို
ရေးရေးထင်လာ
မြင်ယောင်မိသည် ...
သို့ပေမယ့်...
ဟိုးတချိန်က
ဆောင်းပုံရိပ်ထဲ
အကြောင်းမကုန်တဲ့
အတိတ်ပေမယ့်
အဟောင်းကုန်ရင်
အသစ်လာစမြဲမို့
မပြောင်းချင်ပေမယ့်
တဆောင်းတော့
သစ်လာတော့မှာပါလား...
Sunday, June 7, 2009
လမင်းသို့

ရင်ခွင်မှာကြယ်ကြွေကြတဲ့ ညမှာ
လမင်းကလှောင်ရီလို့
တိမ်တွေကိုတောင်အဖော်စပ်လိုက်သေး
ငါ့ကိုလှောင်ပြောင်ဖို့လေ...
အမှတ်မရှိတဲ့ငါက
ကောင်းကင်ကိုအကူအညီတောင်း
အခါခါဆုတောင်းလို့
လမင်းကိုမှတမ်းတခဲ့မိသေးတယ်...
လေပြေကတော့
ငါ့ကိုမကူညီတဲ့အပြင်
မဆိုင်သလိုနဲ့ ခနဲ့သွားသေးတယ်...
ရပါတယ်
ဘ၀မှာဘာမှမရခဲ့လဲ
ရင်ထဲမှာကြွေတဲ့ကြယ်တော့
အသစ်အဆန်းတွေ့ရင်တောင်
ရင်ထဲမှာပဲကြွေနေမှာပါ...
လမင်းရေ
နင့်လမ်းကိုနင်ဖောက်
ရောက်သလောက်လျှောက်နိုင်ပါစေ...
ငါကတော့ လမင်းကိုမွေးဖွားစေတယ်...
လမင်းကတော့ ငါ့ကိုဝေးသွားစေတယ်...
လမင်းရေ...
နင်ဘယ်လောက်ပြေးပြေး
ကောင်းကင်ထဲကတော့ပြေးမလွတ်ပါဘူး
ကောင်းကင်ကတော့
ကြင်နာနွေးထွေးမှု
အေးမြတဲ့ မေတ္တာ
တည်မြဲတဲ့သစ္စာနဲ့
နင် ထွန်းလင်းနိုင်ဖို့
အစဉ်ပေးလင်းနေမှာ....
Thursday, June 4, 2009
Wednesday, June 3, 2009
အကြောင်းမကောင်းတဲ့အဟောင်း

ငါ့ရဲ့... ဒဏ်ရာဟောင်းကို
နှလုံးသားမြို့ရိုးမှာ
ထာဝရမြှပ်နှံမယ်လို့...
ဆုံးဖြတ်ထားတာ..
ဘယ်သူက... ( )
အတိတ်ဟောင်းကို
အရောင်ပြောင်းခဲ့တာလဲ...
ငါ့ရဲ့... စာမျက်နှာဟောင်းတွေကို
နှလုံးသားင်္သချိုင်းမှာ
ထာဝရလောင်ကျွမ်းလိုက်မယ်လို့...
ဆုံးဖြတ်ထားတာ..
ဘယ်သူက... ( )
ဒိုင်ယာရီဟောင်းတွေမှာ
ထပ်လောင်းဖြည့်ခဲ့တာလဲ...
ငါ့ရဲ့... အချစ်ဟောင်းတွေကို
နှလုံးသားသစ်ပင်မှာ
ထာဝရချိတ်ဆွဲတော့မယ်လို့...
ဆုံးဖြတ်ထားတာ...
ဘယ်သူက... ( )
လေပြေဟောင်းကို
အဟုန်ကောင်းစေခဲ့တာလဲ...
ငါ့စိတ်ဟောင်းနဲ့
ငါ့အကြောင်းကို
မပြောင်းလဲနိုင်သရွေ့...
ငါ့ကို..ငါ
နစ်မြုပ်စေမှာလား...
နှစ်မြှပ်စေမှာလား...
လဲကျချိန်မှာ
ထူမယ့်သူကိုမျှော်ခဲ့...
နွမ်းလျချိန်မှာ
ပြုံးပြသူကိုမော်ခဲ့...
အရှုံးရရင်တောင်
အနိုင်လိုချင်သူအတွက်မို့...
အဆုံးသတ်ချိန်မှာတောင်
အဟောင်းတွေအတွက်တော့
အကောင်းတွေချန်ထားပေးခဲ့ပါ...................
Tuesday, June 2, 2009
အချစ်ဆုံး

မျက်ဝန်းစိုမှာ
မျက်ရည်မိုးတွေ
ရွာသွန်းသလို...
နှလုံးအိုမှာ
နာကျင်ခြင်းတွေ
ထပ်ဆောင်းသလို...
အမုန်းမလိုပါ
ကြင်နာခြင်းတွေ
မပြောင်းသလို...
ဘ၀မှာတစ်ခါ
ငါလေ မင်းကိုအချစ်ဆုံးဆို...
ပန်းပန်လျက်ပဲ...
ညိုပြာပြာ လတာပြင့် ခြေရင်း
လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း
ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ (တည်း)
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ...
ဆရာဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀)
လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း
ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ (တည်း)
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ...
ဆရာဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀)
Subscribe to:
Posts (Atom)